Ch-36

849 83 0
                                    

Ch-36: "__ လင်းမိသားစု ရဲ့အိမ်ထောင်စု စာရင်းကနေ လင်းရှီ ကို ထုတ်ဖို့ ကျန်သေးသည်။-၁"

အခြားလူသုံးဦးကို မောင်းထုတ်ပြီးနောက် အဖိုးကု(ကုချင်းဟွာ)က ကွယ်လွန်သူ ဇနီးဖြစ်သူ၏ဓာတ်ပုံရှေ့ ဆဲလ်ဖုန်းကိုယူဆောင်လာသည်။

"မိန်းမ....ကြည့်...။ငါတို့ရဲ့ဒုတိယသားရဲ့သမီးလေး မင်း ငယ်ငယ်တုန်းကနဲ့တူတယ်။"

အဖိုးကုသည် ဇနီးဖြစ်သူ၏ပုံရှေ့ စကားအနည်းငယ်ပြောပြီး လက်ထဲမှာရှိတဲ့ ဓာတ်ပုံကို ပြကာ အလွန်ပျော်ရွှင်နေသည်။"အခု ငါတို့မိသားစုမှာ မင်းသမီးလေးတစ်ယောက်ရှိနေပြီ"

ကုမိသားစုတွင်သားယောကျာ်းလေးများသာ ထွန်းကားခဲ့သည်။သမီးတစ်ယောက် လုံးဝမရခဲ့ပေ။သူ့မိန်းမဖြစ်သူ၏နောက်ဆုံး ကိုယ်ဝန်က သမီးလေးဖြစ်ခဲ့သော်ငြားမီးမဖွားခင်အချိန်မှာပဲ အမှတ်မထင်ပျက်ကျသွားခဲ့သည်။အဲဒါက အဘိုးကုနှလုံးသားထဲ အမြဲတမ်း နာကျင်စရာကိစ္စဖြစ်လာခဲ့သည်။

အဖိုးကုသည် သက်ပြင်းချရင်း.... သူ့ဖုန်းကို ဆွဲထုတ်ပြီး ပုံတွေကို ထပ်ကြည့်ကာ ဖုန်းကိုလုံးလုံး လက်ကမချပေ။

သူသည် ကလစ်နှိပ်၍အပေါင်းအသင်းဟောင်းတစ်ဦး၏WeChat သို့" မင်းမိသားစုမှာ သမီးလေး ရှိတာ ဘာလုပ်ရမှာလဲ။! " ဟု ပို့ခဲ့သည်။

နောက်တော့ သူ့ကိုယ်သူ ဂုဏ်ယူစွာနဲ့နောက်နှစ်ခါထပ်ပြောခဲ့သည်။

အခြားတစ်ဖက်၌အဘိုးရှန်က အဘိုးကု၏အသံမက်ဆေ့ချ်ကို ကြား‌သောအခါ ပြောစရာစကားမဲ့သွားတော့သည်။

"ဒီကုချင်းဟွာ ဘာဖြစ်နေတာလဲဟ?"သူ့ကိုနားကန်လုနီးပါးပဲ။

***

ဤအဆုံးတွင်အန်တီမိန်၏"သစ္စာဖောက်" ခြင်းခံရတာကို လင်းရှီ မသိခဲ့ပေ။

ညစာစားပြီးနောက် သူမ၏အခန်းထဲ ပြန်လာကာ စာအုပ်ဟောင်းများကိုထုတ်၍ နောက်သင်မည့် အန်းများကို ကြိုတင်လေ့လာနေခဲ့သည်။

ခဏကြာတော့ ဖုန်းထုတ်လိုက်သည်။

ဖုန်းထဲ၌သူမ အကြာကြီး မေ့ထားခဲ့သောအဖွဲ့ ၌ ပါဝင်ရန်ပေးပို့ခဲ့သောတောင်းဆိုချက်ကို လက်ခံအတည်ပြုခြင်းခံခဲ့ရသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now