Ch-132 :"အစ်ကိုနှစ်ယောက်ဆီက မနာလိုဖြစ်တဲ့အကြည့် ဆွဲထုတ်မိတယ်-၁"

598 49 1
                                    


Ch-132 :"အစ်ကိုနှစ်ယောက်ဆီက မနာလိုဖြစ်တဲ့အကြည့် ဆွဲထုတ်မိတယ်-၁"

ကုရွမ် ဘေးက သူ့သား စိတ်ဓာတ်ကျနေတာ သတိမပြုမိပါ။အန်တီမိန် ချပေးသည့် လက်ဘက်ရည်ကိုယူပြီး တငုံသောက်ကာ ကုရှောင်းကိုမေးလိုက်သည်။" နောက်ဆုံးတော့ ကျွန်တော် ကုယောင်ဘိုင်ကို ဒုက္ခနည်းနည်းပေးခဲ့တယ်။"

ကုယောင်ဘိုင်ရဲ့ကုမ္ပဏီCity N တွင် ပရောဂျက်နှစ်ခုကိုယူထားပြီးစာချုပ်၌လက်မှတ်မထိုးရသေးပေ။ကုရွမ်သိသလောက်ပဏာမအဆင့်ကို ရောက်နေပြီဖြစ်သည်။ကုရွမ်က ကြိုးအချို့ကို ဆွဲထုတ်၍ ထိုပရောဂျက်ကိုယူခဲ့သည်။

လက်မှတ်မထိုးထားလို့ သူတို့၏ကနဦးအဆင့် ပရောဂျက်နှစ်ခုနေ့ချင်းညချင်း ပျက်သွားခဲ့သည်။သူတို့စကားပြောကြည့်တော့ ကုယောင်ဘိုင်၌ ဒါတွေကို ကိုင်တွယ်ဖို့ လမ်းစရှိသေးတာကိုရှာတွေ့ခဲ့သည်။

"သူ ဘယ်အချိန်ထိချည်နှောင်ထားမလဲ ကျွန်တော်တို့ မသိသေးဘူး။" ကုရွမ်က ဆိုဖာပေါ် ကျောမှီလိုက်ပြီး သက်သာရာရသည့်အသံဖြင့်ပြောပြသည်။

ကုယောင်ဘိုင် ဒီပရောဂျက်ကို ပြန်ရအောင် မလုပ်ဖို့မျှော်လင့်သည်။

ကုရှောင်း သည် ကုရွမ် ပြောတာကိုလုံးဝ မတုန့်ပြန်ပေ။

"ကျွန်တော်တို့ ဘယ်အချိန်သွားမှာလဲ?"

" ငါတို့ အချိန်မရွေးသွားလို့ရတယ်။"ကုရှောင်းက ကုရွမ် ကိုအကြည့်တချက်ပေးပြီး သူ့ကိုယ်သူတွေးမိသည်က : သူတို့တွေသာမပြောမဆိုမလာခဲ့ရင်အခုဆို လမ်းတဝက်ရောက်နေလောက်ပြီ ဟူ၍။

ကုရွမ် ကုရှောင်းရဲ့မျက်လုံးများထဲ မကျေမနပ်ဖြစ်နေတာ သတိထားမိတော့ ကိုးရိုးကားယားပြုံး၍ ပြောလိုက်သည်။"ဒါဆိုသွားစို့"

သူ တခဏရပ်၍စနောက်လာသည်။" ကျွန်တော်တို့ အခုမသွားရင် အဖိုးကြီး ခုန်ပေါက်မတက်ဖြစ်နေလိမ့်မယ်။"

သူတို့ ၄ ယောက်အပြင် အန်တီမိန်တို့ အတူထွက်လာခဲ့ကြသည်။။

ကားဆီလျှောက်လာတော့ ကုချန်းရီပြေးသွားပြီး ကုရှီအတွက် ကားတံခါးကို ဖွင့်ပေးသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora