Ch-34: " ရိုက်ထားတဲ့ ပုံကိုချက်ချင်း ပို့လိုက်တယ် - ၂"

890 89 0
                                    

Ch-34: " ရိုက်ထားတဲ့ ပုံကိုချက်ချင်း ပို့လိုက်တယ် - ၂"

လင်းရှီ သည် ဆရာ့ရုံးခန်း ကိုပြန်လာသောအခါ ကုရှောင်း စောင့်နေသေးသည်။ကုရှောင်း နဲ့အတူစောင့်နေသည်မှာ အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူတို့ဆီ လျှောက်လာပြီးဆရာမချန် က "ဒါရိုက်တာ ကျန့်" ဟုခေါ်သည်။

ဒါရိုက်တာကျန့်က လင်းရှီ ကို ကြည့်လိုက်သည်။သူ အံ့သြသွားသည်။ထို့နောက် လင်းရှီ ကနေကုရှောင်း ကိုကြည့်တယ်။

"ဒါ ကမင်းရဲ့သမီးဖြစ်ရမယ်။ပါမောက္ခကု၊သူမ က အရမ်းလှတာပဲ။" ဒါရိုက်တာကျန့်က အပြုံးဖြင့်ပြောလာသည်။" မင်း မှာ ဒီအသက်အရွယ်သမီးမိန်းကလေးရှိတာမသိခဲ့ဘူး"

ကုရှောင်း သည် A University မှ ပရော်ဖက်ဆာတစ်ဦးဖြစ်ပြီး ဒီကျောင်း၏ဒါရိုက်တာကျန့်နှင့်ရင်းနှီးသည်။ပြောရလျှင် ပရော်ဖက်ဆာ ကု သည်အလွန်အလုပ်များသူဖြစ်ပြီး တစ်နေရာတည်းတွင်အချိန်အကြာကြီးနေသူမဟုတ်ပေ။သူ့ကိုယ်ရေးကိုယ်တာအကြောင်း တစ်ခါမှ မပြောဖူးပါ။

"အခုကစပြီး ဒီကလေး ကျွန်တော်နဲ့အတူနေမှာ "

အရွယ်မရောက်ခင်အထိ...။

ဒါရိုက်တာကျန့်သည် အနည်းငယ် သတိကပ်သွားပြီး ကွာပြားနေတာရှာ‌တွေ့ သွား၏။

ဒါရိုက်တာကျန့်က ပြုံး၍ ထပ်ပြောလိုက်သည်။" ဒါဆို ဒီကလေးက မင်းရဲ့တူမဖြစ်ရမယ်။တူမတွေက အမြဲတမ်း သူတို့ ဦးလေးတွေနဲ့ရုပ်ရည်တူတယ်လို့ပြောကြတာမအံ့ဩတော့ဘူး မင်းနဲ့တော်တော်တူတယ်။ငါက မင်းရဲ့သမီးလို့ တွေးလုနီးပါးပဲ။"

ကုရှောင်း သည် ဒါရိုက်တာကျန့် ကိုအမှန်ပြင်ပေးဖို့အနှောက်အယှက်မဖြစ်ပေ။

ဒါရိုက်တာကျန့်က ဆရာမချန် ဆီ မှ လင်းရှီ ၏စာမေးပွဲစာရွက် ယူ၍ သူတို့ကို ကြည့်လာသည်။သူ ခေါင်းညိတ်ရင်းပြောလာသည်။"အတော်လေးကောင်းတယ်."

အဖြေများမှန်တာ၊မမှန်တာ အကြည့်တချက်နှင့်မပြောနိုင်သော်လည်း အကြည့်တချက်တည်းနှင့်သပ်သပ်ရပ်ရပ်ရှိတာ‌တော့ မြင်နိုင်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now