Ch-41 :ဒါ ကျုပ်စုထားတဲ့ သတင်းအချက်အလက်တချို့ပဲ-2"

1.4K 163 0
                                    

Ch-41 :ဒါ ကျုပ်စုထားတဲ့ သတင်းအချက်အလက်တချို့ပဲ-2"

လင်းရှီ သည်ငယ်ငယ်တည်းက ရူကျောင်ဖန် အော်ငေါက်တာခံခဲ့ရသည်။အခု ထုံကျဥ်နေပြီ။သူမ၏အောက်နှုတ်ခမ်းကိုကိုက်ထားပြီး မျက်လုံးငုံ့ထားသည်။ရူကျောင်ဖန်ဆီကအော်သံ ကို လစ်လျုရူထားလိုက်တော့သည်။

လင်းရှီ နဲ့ပတ်သက်လို့ ရူကျောင်းဖန်ရဲ့သဘောထားအေးစက်သည်ကိုကုရှောင်း ရုတ်တရက် သတိထားမိသည်။

"ကျွန်တော့်ရဲ့လက်ထောက်က ကျွန်တော် လာရောက်လည်ပတ်ခြင်းရဲ့ရည်ရွယ်ချက်ကို ပြောပြမယ်လို့ယုံကြည်ပါတယ်။လင်းသခင်မကြီးက ကျွန်‌တော် ပြသာနာရှာဖို့လာတယ်လို့ယုံကြည်ထားရင်လည်းအဆင်ပြေပါတယ်။"

ကုရှောင်း၏အေးစက်သောအကြည့်နှင့်သဘောထား က ရူကျောင့်ဖန်၏နှလုံးကိုတုန်လှုပ်သွားစေကာ‌အနောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်လိုက်မိသည်။

ဒါက ကုရှောင်း ဆီက ထွက်လာသည့် နောက်ဆုံးစကားဖြစ်သလိုပြောင်ပြောင်တင်းတင်းခြိမ်းခြောက်မှုလည်းဖြစ်သည်။

***

ထိုအချိန်တွင် စုန့်ကဲရှင်းက ရူကျောင့်ဖန် ကိုခပ်ဝေးဝေးနေပေးဖို့ တောင်းဆိုခဲ့ပြီး မျက်နှာထူထူဖြင့် လင်းရီဇီ၏လက်မောင်းကိုချိတ်ထားသည်။

ကုရှောင်း ကိုမြင်တော့ သူမ၏အကြည့် ချက်ချင်းပြောင်းလဲသွားတော့သည်။နေ့ရောညပါ ဒုက္ခပေးခဲ့သည့်ရှက်ဖွယ်မှတ်ဥာဏ်များ ချက်ချင်း ပြန်လည်ရောက်ရှိလာတော့သည်။

၎င်းမှာသူမ ဘဝရဲ့အမှောင်မိုက်ဆုံး အပြစ်အနာအဆာလည်းဖြစ်သည်။

သောက်လိုက်သည့် 'ဝိုင်'ကြောင့် ထိန်းချုပ်မှုလွတ်သွားခဲ့သည်။ဘာဖြစ်ခဲ့တာမသိပဲ ကုရှောင်း ကို လင်းရီဇီလို့ မှတ်ယူခဲ့သည်။

စုန့်ကဲရှင်းသည် အလွန်စိတ်ဓာတ်ကျခဲ့ပြီး ကိုယ်ကိုကိုယ်သတ်သေဖို့ကြံစည်ခဲ့သည်။လင်းရီဇီက ဒါ သူ့အမှားကြောင့်ပါလို့ ဝန်မခံခဲ့ဘူး၊သူ သူမ ကိုဂရုမစိုက်ခဲ့ဘူးဆိုရင် သူမ ဘယ်တော့မှ ရှေ့ဆက်တက်လှမ်းနိုင်မှာမဟုတ်ဘူး။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now