Ch-126 : "ဘော့စ် ! ကျောင်းဖိုရမ်ကို တကယ်ဖတ်နေတာလား။-၃"
ကုချန်းရီ သည် မက်ဆေ့ပို့ပြီးနောက် အဖိုးကု ဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်။
"အဖိုး.....?"
"ဘာလို့ ဒီမဲပေးဖို့ Link ထဲ ဝင်လို့မရတာလဲ? " အဖိုးကု မှ မကျေနပ်သည့်လေသံ ဖြင့် လှမ်းမေးလာသည်။
ကုချန်းရီပို့လိုက်သည့် link ကိုမြင်တော့ အဖိုးကုလည်းမဲပေးလိုသည်။နောက်ဆုံးတွင်ကူရှီ၏ပုံကိုရှာတွေ့ပြီးအောက်ရှိ "မဲပေးခွင့်" ခလုတ်ကို နှိပ်တော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တုန့်ပြန်မှုမရှိပေ။
အဖိုးကုရဲ့အမေး ကိုကြားတော့ ကုချန်းရီအံ့ဩသွားသည်။"အဘိုး၊မဲပေးတာက ကျွန်တော်တို့ ကျောင်းပဲ လုပ်ရတာ။အဖိုးက ကျောင်းက ကျောင်းသားမဟုတ်လို့ အကောင့်လည်းမရှိဘူးလေ။မဲပေးလို့မရဘူး"
" မင်းတို့ကျောင်းက ကျောင်းသားတွေပဲ မဲပဲလို့ရတာပေ့ါ "
"အဲလိုမျိုးပဲစိတ်မပူနဲ့။ကုရန်ရှောင်နဲ့ကျွန်တော် ရှီရှီ မဲရဖို့ လုပ်နေကြတယ်။"
ကုချန်းရီ သည်၁၀ မိနစ်အတွင်း သူ့သူငယ်ချင်းအသိုင်းအဝိုင်း ဆီမက်ဆေ့ချ် ပို့ခဲ့သည်။ကုရန်ရှောင် လည်း ထိုမက်ဆေ့ချ်ကို ရရှိခဲ့သည်။နောက်တော့ ကုရန်ရှောင်က မဲတစ်ခုမဲစီအတွက် စူပါဂိမ်းဝတ်စုံ တစ်စုံစီ ပေးမယ်လို့ မဲစွယ်တော့သည်။
ဒါက ကုချန်းရီအနည်းငယ်မပျော်မရွှင်ဖြစ်စေခဲ့သည်။ရှီရှီ အတွက် မဲဲစည်းရုံးပေးတာ ရူံးလိမ့်မယ်လို့ မထင်ထားပါ။
အဖိုးကုက ဒါတွေအားလုံးကို ဂရုမစိုက်ဘူး။ကုချန်းရီပြောတာကြားတော့ မကျေမနပ်ပြောလိုက်သည်။" မင်းလုပ်ပေးနေတာတောင်မှ ငါ့မြေးမ တတိယနေရာမှာပဲ ရှိသေးတယ်လေ"
ထိုသို့ပြောပြီးနောက်၊အဖိုးကု သည် ကုချန်းရီ ဆီမှ ' နောက်ကျကျန်သာ သာမန်ဖြစ်ကြောင်း'ရှင်းပြတာမစောင့်ပဲ ဖုန်းချသွားတော့သည်။
***
အဖိုးကုသည် ဖုန်းချပြီးတာနဲ့အဖိုးရှန်း ဆီ ချက်ချင်းဖုန်းခေါ် လိုက်သည်။
CZYTASZ
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomansM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.