Ch-147-" ကုရှီရဲ့မဲအရေအတွက် ဒုံးပျံလို ပျံတက်လာတယ် -၂"

534 61 1
                                    


Ch-147-" ကုရှီရဲ့မဲအရေအတွက် ဒုံးပျံလို ပျံတက်လာတယ် -၂"

ကုရန်ရှောင်နှင့်ကုချန်းရီတို့သည် HSAU ကျောင်းတွင်အမြဲရေပန်းစားပြီး ကုရှီ သည် လည်း ပူးတွဲသိပ္ပံပြိုင်ပွဲမှစတင်၍ "နတ်ဘုရားမ ရှီ "လို့ တံဆိပ်တပ်ခံရသူဖြစ်သည်။

အထူးသဖြင့် သူတို့သုံးယောက် ကျောင်းရှေ့ တချိန်တည်း အတူပေါ် ထွက်လာခဲ့သည်။ကားပေါ် မှ ဆင်းတာနဲ့သဘာဝအတိုင်း လူတိုင်းရဲ့အာရုံစိုက်တာကိုရရှိခဲ့သည်။

"သူတို့သုံးယောက် ကျောင်းကိုဘယ်လိုဖြစ်ပြီး အတူရောက်လာတာလဲ?"

"ဟုတ်တယ်။ဘာတွေဖြစ်နေတာလဲ?သူတို့ သုံးယောက်ကြားက ဆက်ဆံရေးကဘာလဲ?"

"ကုချန်းရီ ကုရှီ ကိုလိုက်နေတာလို့ မပြောနဲ့၊ကုရှီ ကျောင်းပြောင်းပြီးနောက်ရက်မှာ ကုချန်းရီကအတန်း ၇ ကိုရောက်လာပြီး သူရဲ့ချစ်ခြင်းမေတ္တာကိုပြသဖို့ စတင်ခဲ့တယ်.."

"နင် ရူးနေသလား?"ဘေးက လူက မျက်လုံးလှိမ့်၍ ပြောလိုက်သည်။"မနေ့က သတင်းတက်လာတယ်။သူတို့က အမျိုးတွေ အိုကေ?"

"တကယ်လား? နင် ဘယ်ကရှာတွေ့တာလဲ? "

"ကျောင်းက တော်တော်များများသိတယ်။ဒါ့အပြင် ဝမ်ကွေ့ကျဲ မှာ ကုရန်ရှောင်းရဲ့WeChat ရှိတယ်။ကုရန်ရှောင်း က သူငယ်ချင်းအသိုင်းအဝိုင်းမှာ ကြေငြာထားတာကြာပြီ။"

"အိုး ငါသိပြီ"

"ဒါအမှန်ပဲ။နတ်ဘုရားမရှီ လည်း ကု ပဲ"

"သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးပုံရတယ်....."

"ငါ အရမ်းမကျေမနပ်ဖြစ်တယ်"

အနီးနားရှိလူများက အသံတိုးတိုးဖြင့် ဆွေးနွေးကြသည်။

တဖက်တွင် ကုရှီသည် ဘေးက အမိုက်စားယောက်ျားလေးနှစ်ယောက်ကို ကြည့်လိုက်သည်။သူတို့ဘာတွေ ဂုဏ်ယူနေကြတာလဲ သူမ တကယ်မသိပေ။

မည်သို့ပင်ဆိုစေကာမူ သူမ သူတို့အတူ ကုန်ဆုံးပြီးနောက် သူတို့နှစ်ယောက်အကြောင်းပိုသိလာသည်။

အချုပ်အားဖြင့်ဆိုရသော်ကုရန်ရှောင်းသည် အပြင်ပိုင်း ၌ ချစ်စရာကောင်းသည်ဟု ထင်ရသော်လည်း အတွင်းပိုင်း၌ တသီးတသန့်နေတက်သည်။ဆန့်ကျင်ဘက် ကုချန်းရီသည် အပြင်ပိုင်းကြည့်ရင် တသီးတသန့်နေသူလို့ ထင်ရပေမဲ့ တကယ်တမ်းအတွင်းပိုင်း၌ ချစ်ဖို့ကောင်းသူဖြစ်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Nơi câu chuyện tồn tại. Hãy khám phá bây giờ