Ch-143: "ဖိုးဖိုး သမီးကို တခြားပုံဟောင်းတွေ ပြပါလား? -၃"

452 61 0
                                    


Ch-143: "ဖိုးဖိုး သမီးကို တခြားပုံဟောင်းတွေ ပြပါလား? -၃"

"ကုရန်ရှောင်ဆေးထိုးတာခံရတာ !" ကုချန်းရီ အော်ပြောလိုက်သည်။ဒါကြီးက အရမ်းရှက်ဖို့ကောင်းလှသည်။။

ကုရန်ရှောင် သာမန်အကြည့်တချက်ပေး၍ ပြောလာသည်။"ငါ ဆေးထိုးတယ်ဆိုတာ ဘာကိုပြောတာလဲ?မင်းပဲ စားချင်လို့ ရေချိုးခန်းထဲသွားစားတာလေ "

[TN : ခရုခေါက်ဆွဲက နံပါတယ်နော်။]

"အဲဒါ မင်းအပြစ်ပဲ"

ထိုအချိန်ကကုချန်းရီကအူအတက်ကို ခွဲစိတ်ထားခဲ့ပြီး ဆရာဝန်က အလွန်အကျွံစားရန် ခွင့်မပြုပေ။ပြဿနာက - သူ အရမ်းဗိုက်ဆာတယ် !!

ကုရန်ရှောင် ကို အစားအသောက်သွားယူပေးဖို့ ပြောခဲ့သည်။ဒါပေမဲ့ သူခရုခေါက်ဆွဲစားချင်တယ်လို့ မပြောခဲ့ဘူး။! ဒါ ကုရန်ရှောင်ရဲ့စိတ်ကူး။ငတ်နေတော့လည်း မတွေးမိဘူးလေ။

စားနေရင်း ဒါ ကအရသာရှိတာ ရှာတွေ့ခဲ့သည်။

"မင်း ငါ့ကိုအဲဒါကြီးဝယ်ပေးတယ်လေ၊ဒါက အနံ့ပြင်းလို့ဖမ်းမမိအောင် ရေချိုးခန်းထဲ သွားဖွက်စားခဲ့ရတယ်..ငါ မင်းကိုမယုံလိုက်သင့်တာ!!" ကုချန်းရီသည်ငယ်လွန်းပြီး အပြစ်ကင်းလွန်းတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်မိသည်။

ကုရန်လင်း သည် ရယ်ချင်နေတာ ထိန်းထားပြီး ကုချန်းရီ၏ပခုံးကို ပုတ်၍ပြောလိုက်သည်။"စိတ်မပူနဲ့။မင်း သဘောကျတဲ့ မိန်းကလေးတွေဆီမှာ မင်းရဲ့ရုပ်ဆိုးတဲ့ ပုံကိုမပြဘူး။ကတိပေးတယ်"

"ကောင်းပြီ။ဒါပေမဲ့ ဒီလိုလုပ်မှ ငါ့ကို ပိုသက်သာရာရစေမှာ"ကုချန်းရီ သည် ကုရန်ရှောင်းကို ကြည့်ပြီး သူ့လက်ထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ယူလိုက်သည်။

"နည်းလမ်းမရှိဘူး။ဒီဓာတ်ပုံကို အခုချက်ချင်း ဖျက်ပစ်ရမယ်။ပြီးတော့ မင်းရဲ့ဖုန်းထဲက ဒီဓာတ်ပုံကိုလည်း အခု ဖျက်ပစ်!"

သို့ပေမဲ့ ကုချန်းရီ မလုပ်ခင် အဖိုးကုရဲ့အသံ အနောက်ကထွက်လာတော့သည်။

"မဖျက်ဘူး! ဒါတွေက ကုမိသားစုသမိုင်းရဲ့တစ်စိတ်တစ်ပိုင်း။" အဖိုးကု ကုချန်းရီကို စိုက်ကြည့်နေသည်။အဖိုးကု ဒီဓာတ်ပုံများကို စုဆောင်းပြီး သူ့လူများကို ပုံထုတ်ခိုင်းခဲ့သည်။ဒါတွေအားလုံးက အနာဂတ်မှာအမှတ်တရကောင်းတွေ ဖြစ်လာမှာဖြစ်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora