Ch-79 : "အပြစ်မရှိသလို အပြည့်အစုံဖော်ပြထားတယ်-၄"

1.4K 131 2
                                    

Ch-79 : "အပြစ်မရှိသလို အပြည့်အစုံဖော်ပြထားတယ်-၄"

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိနေတာ ကုရှီ သတိထားမိသည်။

သူတို့ တစ်ယောက်နဲ့တစ်ယောက် စကား‌ပြောနေချိန် ကုရှီ သည် အဖွဲ့ကထွက်၍ အိပ်ဖို့ ပြင်ဆင်သည်။

3A တွင်ဖော်ပြထားသောအစည်းအဝေးနှင့် ပတ်သက်၍ ကုရှီစဥ်းစားပြီး မလုပ်ဖို့ဆုံးဖြတ်လိုက်သည်။

သူမက အထက်တန်းကျောင်းမပြီးသေးတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြိး အဖွဲ့ထဲ မခေါ်ချင်တော့မှာ စိတ်ပူသည်။

ပြောရရင်သူမ၏နည်းပညာဗဟုသုတကို မြင့်တင်ဖို့လိုအပ်နေကြောင်း ကုရှီ၏ခေါင်းထဲ အစီအစီ စဥ်းစားမိသည်။အကောင်းဆုံးကတော့အချို့သော ပရော်ဖက်ရှင်နယ်စာအုပ်များကိုလက်လှမ်းမီသလောက် ဖတ်တာမျိုး သို့မဟုတ် အချို့သောသင်တန်းများ၌ စနစ်တကျ သင်ယူတာမျိုး လုပ်ရင်ကော ... ကုရှီ တွေးနေရင်းအိပ်ပျော်သွားခဲ့သည်။

အခြားတစ်ဖက် စာကြည့်ခန်းထဲ ကုရှောင်းသည် ကုရှီ၏စာတမ်းများကိုဖတ်နေခဲ့သည်။

ဒါကအလယ်တန်းစာမေးပွဲအတွက် စာစီစာကုံးဖြစ်သည်။အခြားကျောင်းသားများ နမူနာယူစေဖို့ ကျောင်းက ‌ ‌ဘုတ်ပေါ် တင်သည့် စာစီစာကုံးလည်းဖြစ်တယ်.

စာစီစာကုံးရဲ့ခေါင်းစဥ်မှာ "အိမ်" ဖြစ်သည်။

ကုရှောင်းသည် အကြောင်းအရာကို ဆက်မဖတ်ခင်ခေါင်းစဥ်ကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်ခဲ့သည်။

အလယ်၌ပါသည့် စာပိုဒ်သည် သပ်ရပ်ပြီး မိန်းမဆန်ဆန် လက်ရေးက ကုရှောင်းအာရုံကို ဆွဲဆောင်လို့နေသည်။

"အဖေက အေးအေးဆေးဆေးနေတက်ပြီး စာကြည့်ခန်းထဲမှာပဲ အမြဲရှိတယ်။သူက ပုံမှန်စကား သိပ်မပြောတတ်ပေမယ့် အိမ်က လူတိုင်းကို အရမ်းချစ်တယ်။ကျွန်မ အမှားလုပ်မိတိုင်း ချက်ချင်းခုခံ ကာကွယ်ပေးတယ်။နေ့တိုင်းအလုပ်ကနေ အိမ်အပြန်မှာ ကျွန်မကြိုက်တဲ့ ကိတ်မုန့်ကို ပြန်ယူလာပေးတယ်။သူ့အလုပ်တွေကို ချန်ထားခဲ့ကာ ကျွန်မမွေးနေ့ပွဲကိုကျင်းပမယ်။ကျွန်မမွေးနေ့ကို တစ်ခါမှ မလွတ်ခဲ့ဖူးသလို ကျွန်မရဲ့ဖျော်ဖြေပွဲတွေကိုလည်း တစ်ခါမှမလွတ်ခဲ့ဖူးပါဘူး။ဆုရတိုင်းလည်း ချီးမွှမ်းတတ်တယ်...။"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now