Ch-90: "ဘာဖြစ်တာလဲ? ကုရှောင်းက ပြိုင်ပွဲမှာ စာရင်းသွင်းတယ်? -၂"ကုရှီ သည် 'ကျောင်းသားအချင်းချင်း ကူညီသင့်တယ်" ဆိုသည့် အတွေးဖြင့် လျှောက်လာသည်။ထိုင်ဖော်ထိုင်ဖက် ဒေါင်မင်မင်က ခေါင်းတချက်ညိတ်၍ အတင်းပြောလာသည်။"ကုရှောင်းရှီ အမှန်တိုင်းဖြေ။ကုချန်းရီနဲ့နင့် ဆက်ဆံရေးက ဘာလဲ?"
"မသိဘူး။" ကုရှီ သူ့ကို သိတောင်မသိပါ။သူမ ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
"သူကအရမ်းဖော်ရွေတဲ့သူတစ်ယောက်လို့ ငါထင်တယ်။ငါတို့ ပြိုင်ပွဲအတူဝင်ပြိုင်ကြမှာလေ။ပြီးတော့ ငါက မိန်းကလေးဆိုတော့ ကူသယ်ဖို့ ဆုံးဖြတ်လိုက်တာနေမယ်။"
ဒါ ကုရှီ တွေးသမျှ အကောင်းဆုံး အကြောင်းပြချက်ဖြစ်သည်။ကုရှီ စကားဆုံးတော့ ဒေါင်မင်မင် ဆီမှ 'ဟုတ်လား' ဆိုသည့်အကြည့်တချက်ရလိုက်သည်။
"ကုချန်းရီ မဟုတ်ပဲ တခြားတစ်ယောက်ဆို ငါ ယုံလိုက်ဦးမယ်"ဒေါင်မင်မင် ငြီးတွားတော့သည်။ကျောင်း၌ ကုချန်းရီသည် ရှန်းရိူးရန် လိုမျိုးပဲ။ရှန်းရိူးရန် လို အေးစက်ပြီးအကွာအဝေးတစ်ခုခြားပြီးမနေတက်ဘူး။ဖော်ရွေပုံပေါ် ပေမဲ့ အတွင်းစိတ်ဓာတ်ကတစ်ပုံစံတည်းဖြစ်သည်။
ကုချန်းရီသည် သူ့အရှေ့လဲကျနေသည့် မိန်းကလေးကို မမြင်သလိုရှောင်ထွက်တဲ့ လူမျိုးဖြစ်သည်။
ဟုတ်တယ်..နောက်ပိုင်း ထိုမိန်းကလေးရဲ့အတန်းဖော်က ရည်ရွယ်ချက်ရှိရှိ လဲကျသွားကြောင်းထုတ်ဖော်ခဲ့သည်။
အကျဥ်းချုပ်ပြောရရင် ကုချန်းရီက ကူညီဖို့ထက်သန်နေသည့် လူမျိုးမဟုတ်ပေ။
ကုရှီရဲ့စာအုပ်တွေ သယ်လာတဲ့ ကုချန်းရီ ပြုံးနေတာ ပြောနေစရာကို မလိုပါ။
ထူးဆန်းလွန်းတယ်...
ဒေါင်မင်မင် ငြီးတွားတော့သည်။
ဒေါင်မင်မင် ပြောတာ ကြားတော့ ကုရှီသည် မေးခွန်းစာအုပ်များ သပ်သပ်ရပ်ရပ်ပြင်ဆင်နေသည်ကိုရပ်လိုက်သည်။
"သူက ဘယ်သူ?"
"ဘယ်သူ့ အကြောင်း ကိုမေးတာလဲ?"
CZYTASZ
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomansM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.