Ch-88

1.1K 103 1
                                    

Ch-88 : "ဘော့စ်က အချိန်ကြာလာတာနှင့်အမျှ အလွန်အမင်း out of character ဖြစ်နေတယ်လို့ ဘာလို့ခံစားမိပါလိမ့်?-၄"

အခြားတစ်ဖက်၌ ရူဖေးသည် ဘေ့ာစ် မျှဝေ(Share) ထားသည့်နောက်ထပ်ဆောင်းပါးကို တွေ့လိုက်ရသည်။အခြားသောအများသူငှာ ပြုစုထားသည့်ကျွမ်းကျင်သော အပျော့စား ဆောင်းပါးတစ်ပုဒ်ဖြစ်တယ်။- ဥပမာအားဖြင့် ဦးဆောင်ကြသောမိဘများ၏အရေးပါမှု။

"Like" နှိပ်ဖို့လက်ချောင်းများ တုန်ယင်နေသည့် ရူဖေး : "..."

ဘော့စ်ရဲ့စတိုင် ရုတ်ခြည်းပြောင်းလဲသွားတယ်လို့ ဘာလို့ ခံစားမိနေတာလဲ?

ထိုဆောင်းပါးအောက်၌ ဘော့စ် မန့်ထားတာက " ထူးချွန်တဲ့လူကောင်းဖြစ်မှ သားသမီးအတွက် စံနမူနာကောင်းဖြစ်လိမ့်မယ်" ဟူ၍။

ဒီမန့်က ဘော့စ်ကြွားနေတာမဟုတ်ဘူးလား?

ကလေးတစ်ယောက်ရှိတာ ဘာများ ခြားနားသွားလို့လဲ? ဘော့စ် လိုင်းပြန်သုံးတော့မယ်ပေါ့ ?

ရူဖေး သူ့ကိုယ်သူ ညီးတွားမိသည်။သူပြောခဲ့တာတွေက တနေ့ တကယ်ဖြစ်လာလိမ့်မယ်ဆိုတာ နည်းနည်းလေး တောင် မသိခဲ့ပေ။

နောက်နေ့တွင် ကုရှီ သည် ရုံးခန်းကဌာနမှူး ဆီ ရောက်လာခဲ့သည်။ပူးတွဲသိပ္ပံပြိုင်ပွဲတွင် ပါဝင်မည့် အခြား ၇ ဦး လည်းရောက်လာကြသည်။

ဌာနမှူး သည် လူတိုင်းစုံချိန်ပြိုင်ပွဲအကြောင်း ပြောပြသည်။

"မင်းတို့ထဲက တချို့City Bရဲ့အထက်တန်းကျောင်း ပူးတွဲသိပ္ပံပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးကြတယ်။တချို့က မပြိုင်ဖူးဘူး။ဒါပေမဲ့ ပြိုင်ပွဲအကြောင်းအားလုံး ကြားဖူးမယ်လို့ယုံကြည်တယ်။ဒါကနိုင်ငံအလိုက် စံချိန်စံညွှန်းမီ ပြိုင်ပွဲမဟုတ်ပေမဲ့ အာရုံစိုက်မှုများပြားတယ်."

အနည်းငယ် ခေတ္တရပ်ပြီးနောက် ဌာနမှူးကကျောင်းသားအားလုံးကို ကြည့်၍ဆက်ပြောသည်။"ဒီပြိုင်ပွဲက မင်းတို့အတွက် အလွန်အဓိပ္ပာယ်ရှိတဲ့ အတွေ့ အကြုံဖြစ်လာလိမ့်မယ်။အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းချင်တယ်။ဆရာတို့ကျောင်းက ကိုယ်စားပြုကျောင်းသားအဖြစ် ရွေးချယ်ခံရတယ်ဆိုတာအကောင်းဆုံး အတော်ဆုံးကျောင်းသားလို့ဆိုလိုတယ်။အမှတ်ကောင်းကောင်းနဲ့ငါတို့ကျောင်းအတွက် ရလဒ်ကောင်းကောင်းယူဆောင်ပေးနိုင်မယ်လို့ ဆရာ ယုံကြည်တယ်"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now