Ch-163 : "ပါး သမီးဓာတ်ပုံထဲ ရုပ်ဆိုးနေလား?-၁"
ပထမပိုင်းအပြီး ဒုတိယပိုင်းအစ ရှန်းရိူးရန်နဲ့ ကုချန်းရီတို့ ဘယ်သူဘတ်စကတ်ဘောပိုသွင်းနိုင်သလဲပြိုင်ကြသည်။
ဆက်တိုက်တက်နေသည့်အမှတ်တွေကို ကြည့်ပြီး ဒေါင်မင်မင် က မတက်နိုင်ပဲ သက်ပြင်းချ၍ပြောလိုက်သည်။"ဒီကောင်တွေ ကြက်သွေးများသောက်ထားကြသလား?"
"နေဦး။..နေဦး ဒါအရမ်းမိုက်တယ်။ကာတွန်း gif အနည်းငယ် လုပ်ပြီး ငါ့ chat အဖွဲ့ထဲမျှဝေဖို့လိုအပ်တယ်။" ဒေါင်မင်မင်သည် ပြောနေရင်း ဖုန်းထုတ်လိုက်သည်။
ကုရှီ လည်း ဖုန်းထုတ်ပြီးနောက်ထပ်ဓာတ်ပုံများရိုက်ဖို့ စီစဥ်သည်။
ရုတ်တရက် ဒေါင်မင်မင်က ကုရှီ လက်ကိုဆွဲကိုင်ပြီး စိတ်ပျက်နေသည့်အကြည့်ဖြင့်ပြောပြသည်။ "သွားပြီ။...ဒီပုံတွေ"
"ဘာလဲ? မတော်တဆ ဖျက်မိလို့လား?"
ဒေါင်မင်မင်ကခေါင်းခါယမ်း၍ပြောလာသည်။ "ငါပြောတာ အဲဓာတ်ပုံအကြောင်းမဟုတ်ဘူး။ငါတို့ ဓာတ်ပုံအကြောင်းပြောတာ "
"ဒီမှာ နင်ကိုယ်တိုင်ကြည့်ကြည့် " ဒေါင်မင်မင်ကပြောနေရင်း ကုရှီ လက်ထဲ ဖုန်းပေးလိုက်သည်။
ကုရှီ သည် ကျောင်းဖိုရမ်ပေါ် ကနောက်ဆုံးပေါ် ပို့စ်ကို ချက်ချင်းမြင်လိုက်သည်။- [အနုပညာပွဲတော်အတွက် အသစ်ထွက်ရှိထားသောကျောင်းသားသစ်များရဲ့ဓာတ်ပုံနံရံပါ။ဘယ်သူလဲဆိုတာ လာကြည့်ကြပါဦး။!]
"ဒါအရင်က ဓာတ်ပုံရိုက်ထားတာမဟုတ်လား?" ကုရှီသည် ဒီအဖြစ်အပျက်ကိုမှတ်မိသေးသည်။
"ဒီတစ်ခု" ဒေါင်မင်မင်က စိတ်ပျက်အားငယ်စွာ ခေါင်းညိတ်လိုက်သည်။
"ဘာဖြစ်လို့လဲ??"
"ကိုယ့်ဘာသာကြည့်။" ဒေါင်မင်မင်က ကြီးမားတဲ့ ဓာတ်ပုံများကို ကလစ်နှိပ်ပြီး ဓာတ်ပုံတွေထဲက တစ်ပုံကို ညွန်ပြလိုက်သည်။
စာကြည့်တိုက်ထဲကထွက်လာချိန်တုန်းက ရိုက်ထားသည့် ပုံဖြစ်ပြီး ဒေါင်မင်မင်က နေကြာခေါင်းစွပ်တပ်ထားသည်။
KAMU SEDANG MEMBACA
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomansaM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.