Ch-127: "ဘော့စ် ! ကျောင်းဖိုရမ်ကို တကယ်ဖတ်နေတာလား။-၄"

619 59 1
                                    

Father (127) : "ဘော့စ် ! ကျောင်းဖိုရမ်ကို တကယ်ဖတ်နေတာလား။-၄"

သူ့ အဖွဲ့ ? ဘာကိုလဲ?

ကုရှောင်းသည် မျက်မှောင်ကြုံ့သွားပြီး ဝမ်ဟောင်ကျန့်ဆီ မှ မှတ်ပုံတင်အချက်အလက်ကို ယူလိုက်သည်။

သူ့နာမည်နဲ့တူသည့် နာမည်ကိုမြင်တော့ ကုရှောင်းသတိကပ်သွား၏။ကုရှောင်းသည် နေ့တိုင်း အံ့ဩနေတက်သူမဟုတ်ပေ။ပထမတွေးမိတာက သူ့နာမည်တူ လူတယောက် ရှိတယ်လို့ တွေးမိသည်။ဒုတိယ အတွေးက သူ့နာမည်ကို တစ်ယောက်ယောက် ခိုးထားတာလို့တွေးမိသည်။

ကုရှောင်းသည် အံ့သြမှုကို ဘေးဖယ်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆက်ဖတ်နေခဲ့သည်။

သူ့နာမည်၊သူ့ ID နံပါတ်၊သူ့လိပ်စာတောင် မှန်နေတာပဲ။တစ်ခုပဲ ..။တန်ချွင်ပြိုင်ပွဲ ကို စာရင်းသွင်းထားတာ သူဘာလို့ သတိမထားမိတာလဲ?

အခု သူ့ IDကို ဘယ်သူ ခိုးယူသလဲ သိလိုက်ပြီ။

သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလတ်တွေကို လူတော်တော်များများ မသိကြပါ။ကုမိသားစု က ထွက်လာပြီးနောက်ပိုင်းမစ္စတာကုနဲ့အခြားသူများတောင် သူအသုံးပြုသည့်အိမ်ထောင်စု စာရင်း၏လိပ်စာကိုမသိကြပါ။

သူ့လိပ်စာသိပြီး ID နံပါတ် ဖြည့်နိုင်သူတစ်ဦးတည်းသော သူက သူနှင့်အိမ်ထောင်စုစာရင်းတစ်ခုတည်း ၌ ရှိသည့် ကလေးမပဲ ဖြစ်လိမ့်မယ်။

"အခြားသူတွေရဲ့အချက်အလက်ကကော?"

"ဒီမှာပါ။ဒီအဖွဲ့ရဲ့တခြားအဖွဲ့ဝင်တွေရဲ့အချက်အလက်ပါ။" ဝမ်ဟောင်ကျန့်သည် အခြားစာရွက်စာတမ်းကို ကုရှောင်း ဆီပေးလိုက်သည်။

ကုရှောင်း သည် အခြားအချက်အလက်များ၏စာမျက်နှာအနည်းငယ်ကို လျင်မြန်စွာကြည့်လိုက်သည်။

"ရှန်းယီ?" ရှန်းမိသားစုရဲ့အငယ်ဆုံးမလား?

လူအိုကြီးကုနှင့်မစ္စတာရှန်းတို့ ကြားက ဆက်ဆံရေးကြောင့် ကုရှောင်း သည် ရှန်းမိသားစုအကြောင်းသိသည်။သူ့မှတ်ဥာဏ် က မှတ်မိသလောက်ဆိုရင် ရှန်းမိသားစုထဲ၌ ကုရှီနဲ့တကျောင်းထဲအတူတက်သည့် မြေးတစ်ယောက် ရှိသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora