Ch-103

1.1K 94 0
                                    

Ch-103 : "ကုရှီ ကို ကြည့်နေရင်း စိတ်မချမ်းမြေ့တဲ့ ခံစားချက်မျိုးခံစားလိုက်ရတာလား?-၃"

ထောင်ချီဖန်သည် လီမင်း‌ကျောင်း၌ ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုမျိုးဖြစ်တယ်။ကောင်းမွန်သော မိသားစု မွေးဖွားလာတယ်။ချောမောတယ်။အဆင့်ကောင်းတယ်။မည်သို့ပင်ဆိုစေကာမူ ရှန်းရိူးရန်နဲ့ယှဥ်ရင် ဒါတွေအားလုံးအရေးမပါတော့ပေ။

ထောင်ချီဖန် သည် ဒဏ္ဍာရီဆန်သူကြီးနဲ့မျက်နှာချင်းဆိုင် စကားပြောဆိုဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်။ရှန်းရိူးရန်က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေပေမယ့် တခြားသူတွေကတော့ သူ့ရဲ့တင်းကြပ်တဲ့ ရောင်ဝါကို ခံစားမိတယ်။

" မင်းပြောလိုက်တာက HSAU ကျောင်းကိုရူံးသွားတာ မင်းတို့အဖွဲ့က တစ်ယောက်ယောက်ဆွဲချလိုက်တယ်လို့ ပေါ့ " ရှန်းရိူးရန်ကဆက်မေးသည်။

အနီးနားရှိ HSAU ကျောင်းက လူများ ရှန်းရိူးရန် ပြောတာကို ဂရုမစိုက်ပေ။သူတို့ မျှမျှတတနဲ့ပထမရခဲ့တာ။ဟုတ်ပြီလား?

ရှန်းရိူးရန်ရဲ့မေးခွန်းကြောင့် ထောင်ချီဖန် ပိုထိတ်လန့်လာသည်။

"အရင်နှစ်က ကုရှီကြောင့် ငါ့အပေါ်သက်ရောက်သွားတာ " ထောင်ချီဖန် မကျေမနပ်ပြောလိုက်သည်။ဒါ လိမ်တယ်လို့ မခံစားရပါ။- သူ သည် ကုရှီ ကိုမယုံလို့ ကုရှီ ဖြေတဲ့မေးခွန်းတိုင်းကို သူလိုက်ဖြေခဲ့တယ်။ပြိုင်ပွဲအတွင်း သူ့ဘက်က မသေချာပေမဲ့ ကုရှီဖြေတဲ့အဖြေတွေကို မြင်ချိန် ဒါတွေ မှန်တယ်လို့ သူ့ဘက်မသေချာခဲ့ပါ။ဒါ့ကြောင့် ကုရှီ မရွေးတဲ့ အဖြေတွေ ပဲ သူရွေးချယ်ခဲ့သည်။

ကုရှီ ကြောင့်သာမဟုတ်ရင် ဒီလောက်ညံ့ဖျင်းတဲ့အမှတ်ရမှာမဟုတ်ပေ။

ထောင်ချီဖန် သည် ရှန်းရိူးရန်ရဲ့မေးခွန်းကိုဖြေ၍ သူ့ကိုဆွဲချသူက ကုရှီ လို့ တခြားသူတွေ ကို ပြောပြတယ်။

ရှန်းရိူးရန် သည် ရုတ်တရက် ပြုံး၍ သူ့မျက်လုံးထဲ လှောင်ပြောင်သည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး ထောင်ချီဖန်ကို အေးစက်စက် ပြောလိုက်သည်။

"ဒါဆိုရင် ငါမင်းကိုကျေးဇူးတင်တယ်။နိမ့်ကျတဲ့အမှတ်ယူပေးပြီး ငါတို့ကျောင်းကို ပထမနေရာရအောင်ယူပေးတဲ့အတွက် ကျေးဇူးတင်တယ်။"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now