Ch-122 : " သူမ ကုချန်းရီ ကို သနားတယ် -၄"

851 76 1
                                    

Ch-122 :" သူမ ကုချန်းရီကို သနားတယ် -၄"

ကုရှီ သည် လူတိုင်း၏အကြည့်အောက်တွင် စာသင်ခန်းထဲ ဝင်လာသည်။

ပြောရရင် ဒိနေ့အခန်းထဲ အတော်လေးအသက်ဝင်လျက်ရှိသည်။

"ကုရှီ ဒီမှာ!"

"ကြိုဆိုပါတယ်စာတော်လေး !"

"ကုရှီ၊နင် ဖုန်းကွယ်ထားတာအရမ်းတော်တယ်" ဒီပြိုင်ပွဲကြောင့်သာမဟုတ်ရင် ကုရှီ ရှန်းရိူးရန်လိုမျိုး ကြောက်ဖို့ကောင်းတဲ့လူဆိုတာ ဘယ်သူ့မှသိမည်မဟုတ်ပါ။

"အဲဒါနဲ့မင်း ဝမ်ဟောင်ရှန် * ဒါမှမဟုတ် နောက်ဆုံးထွက်စာအုပ်တွေကိုလေ့လာတာလား?" တစ်ယောက်ယောက် ကမေးလာသည်။

ကုရှီ နောက်ပြောင်ပြောလိုက်သည်။" နှစ်ခုစလုံးပဲ"

ပူးတွဲပြိုင်ဆိုင်မှုအကြောင်းနဲ့ပတ်သက်ပြီး ကုရှီကိုမေးဖို့ ကုရှီ ကိုဝိုင်းထားကြသည်။

နောက်ဆုံးအတန်းစတင်တော့မည့် အချက်ပြသည်ခေါင်းလောင်းသံကြောင့် လူတိုင်း ကိုယ့်နေရာကိုယ် ပြန်သွားကြတော့သည်။

ကုရှီ နံဘေး ထိုင်နေသည့်ဒေါင်မင်မင် သည် အလွန်စိတ်လှုပ်ရှားနေပုံရသည်။

"ငါ့ဘေးမှာ စာတော် တဲ့လူ ထိုင်နေတာသတိမထားမိခဲ့ဘူး။ဒါငါ့အမှား " ဒေါင်မင်မင် ချဲ့ကားပြောဆိုသည်။

"ဒေါင်မင်မင် ဝှိုက်ဘုတ်က ဟိုမှာ "

"အင်း" ဒေါင်မင်မင် ချဲ့ကားကြည့်သည့် အကြည့်ကိုဖယ်ရှားလိုက်ပေမဲ့ အမှန်တကယ် အံ့အားသင့်နေတာဖြစ်သည်။ကုရှီက အရင်က စာတော်တယ်လို့ သူ့ကို ပြောပြဖူးပေမဲ့ ထိပ်ဆုးကျောင်းသားတွေထဲ ပါလိမ့်မယ်လို့ မထင်ထားပါ။

"ဂုဏ်ယူပါတယ်!အခု တခြားသူတွေက နင့်ကို ရှန်းရိူးရန် လို နတ်ဘုရားအဆင့်တံဆိပ်ကပ်လိုက်ကြပြီ။"ကုရှီ၏ပခုံးကိုပုတ်ရင်း ဒေါင်မင်မင်အလေးအနက်ထားပြောလိုက်သည်။

ကုရှီ : "...." ဒါက သူမကိုအထူးမပျော်ရွှင်စေဘူး။

"အိုး ဟုတ်သား !" သူမ တစ်ခုခုတွေးမိသွားသည်။ ‌"ကုရှီ နင် ငါတို့အတန်းရဲ့အနုပညာပွဲတော်အတွက် ကိုယ်စားပြု ဖြစ်လာနိုင်တယ်.......!"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Opowieści tętniące życiem. Odkryj je teraz