Ch-120 : " သူမ ကုချန်းရီ ကို သနားတယ် -၂ "

989 96 0
                                    

Ch-120: " သူမ ကုချန်းရီကို သနားတယ် -၂ "

ကုရွမ် :"...."

အတိအကျ မင်း ဘယ်သူ့ကို လာကြွားနေတာလဲ?

ဒါပေမဲ့ နည်းနည်းမနာလိုဖြစ်မိသည်။

ကုရွမ် စိတ်ကိုသိနေသည့် ကုရှောင်းမှာနှုတ်ခမ်း အပေါ် သို့ ကွေးတက်သွားပြီး တည်တည်ငြိမ်ငြိမ် စကားတခွန်းပစ်လွှတ်လိုက်သည်။"မင်း မနာလိုရင်ကိုယ်တိုင်မွေး "

ကုရှောင်းရဲ့စကားကိုကြားတော့ ကုရွမ်တစ်ယောက် အောက်မေးရိုးကျမတက်ဖြစ်သွား၏။သူလဲမလိုချင်တာမှမဟုတ်ပဲ ဒါပေမဲ့ သူ့မိန်းမ ကို အရင်မွေးခိုင်းရဦးမယ်!

ကုရွမ်သည် ငယ်စဥ်ကခရီးသွားခြင်းကို နှစ်သက်သော ဇနီးနှင့်လက်ထပ်ဖို့ ဆုံးဖြတ်ချက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တရမိပြန်သည်။

ကုချန်းရီရဲ့အမေသည်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်စပြီး အလုပ်များနေခဲ့သည်။အခုသူ့မိန်းမပို၍နာမည်ကြီးလာသည်နှင့်အမျှကမ္ဘာအနှံ့ တစ်ချိန်လုံး ပျံသန်းသွားလာနေသည်။

လောလောဆယ်Country F မှာ တစ်ကိုယ်တော် ရှိုးပွဲအတွက် ပြင်ဆင်နေတာ ဖြစ်နိုင်သည်။

သူ့ကိုအရေးမစိုက်ဘူး။

ကုရွမ် သည်ခေါင်းယမ်းရင်း လောလောဆယ် ကုမင်းသမီးလေးကိုကြည့်နေသည်။

"အင်း ရှီရှီ ကို ဘယ်လမွေးတာလဲ?" ကုရွမ် ရုတ်တရက် မေးလိုက်တယ်။

ဝမ်ဝုရဲ့စုံစမ်းချက်အရ ရှီရှီသည် မတော်တဆ မှ ဖြစ်တည်လာတာဖြစ်တယ်။

ကုချန်းရီကောင်စုတ်လေးလည်း သူနဲ့သူ့မိန်းမ စေ့စပ်သည့်ည၌ ဖြစ်တည်ခဲ့တာပဲလေ။ဒါလည်း မတော်တဆပဲ ဖြစ်တယ်။ပြောရရင် ကုချန်းရီနဲ့ရှီရှီ အသက်သိပ်မကွာလောက်ဘူး။

"ဇူလိုင်"

ကုရွမ် ကြားတော့ ရယ်မောတော့သည်။"Oh ... Wow ..ကုချန်းရီ လည်း ဇူလိုင်ပဲ"

ထိုအချိန် ရှီရှီနှင့်အခြားသူများသည် စင်မြင့်အလယ်၌ ရပ်နေပြီဖြစ်သည်။

နှစ်ဖက်စလုံး၌ အမှတ် ၆နှင့်အမှတ် ၁၉ အထက်တန်းကျောင်းသားများ ရှိသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora