Ch-66 : "အဲလူမိုက်ကို မလာရင် နောက် ဘယ်တော့မှမလာနဲ့လို့ ပြောလိုက်! -၂"
အိမ်တော်ထိန်းဦးလေးကျန့်က အဖိုးကု ကို အလျင်အမြန်လာနှစ်သိမ့်ပေးသည်။" သခင်ကြီး ဒါတွေ ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။ကိုယ့်စိတ်ကိုယ် ဒုက္ခမပေးပါနဲ့တော့။အရင်တုန်းက ဖြစ်ခဲ့သမျှ ဘယ်သူ့အမှားမှမဟုတ်ပါဘူး။"
ဒါအပြင့် ကုရှောင်း သည် သခင်ကြီးကုထက် အမှန်တရား သိထားပြီး ပိုအသေးစိတ်ကျကျသိနေတာ အိမ်ထိန်းကျန့် ခံစားမိသည်။
ကုရှောင်းက သခင်ကြီးကု ကို အမှန်တကယ်ကို အပြစ်မတင်တာ ခံစားမိသည်။
ဖြစ်နိုင်တာက ကုရှောင်းမှာ ... တခြားအကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်တယ်။
"ဟုတ်တယ် အတိတ်က အတိတ်ပဲ"သက်ပြင်းမချခင် အဖိုးကု က ပြောလာသည်။" ငါတို့မင်းသမီးလေးတခြားလူရဲ့အိမ်ထောင်စု စာရင်းအောက်ရောက်သွားပြီ"
အိမ်ထိန်းကျန့်,မှာ ဒီစကားကြားတော့ ရယ်ချင်လာသည်။သူတို့မင်းသမီးလေးရဲ့အိမ်ထောင်စု စာရင်းကို ဒုတိယသခင်လေးအောက် ထားတာမဟုတ်လား။'အခြားလူ' ဆိုတာ ဘာသဘောနဲ့ပြောတာလဲ?
"ဒုတိယသခင်လေးက ကလေးကို သေချာပေါက် ကာကွယ်စောင့်ရှောက်မှာပါ"
ကုမိသားစု က ဒါကို အရမ်းအာရုံစိုက်လွန်းနေသည်။
အဖိုးကု ဒါကိုကြားသောအခါ ဒေါသထွက်လာတော့သည်။"ကာကွယ်တယ်? ငါတို့ရှီရှီ ကိုမကာကွယ်နိုင်ဘူးလို့ ပြောလိုက်တာလား? ငါတို့ကုမိသားစု က အရင်ကကော အခုကော အရူးတွေမဟုတ်ဘူးကွ"
အဖိုးကု ထပ်စိတ်ဆိုးတော့သည်။မည်သို့ပင်ဆိုစေကာမှု သူ့ကိုယ်သူ 'ပြန်ကုစား' ဖို့ အချိန်သိပ်မကြာလိုက်ပေ။
"ကုရှီ - (ငယ်ရွယ်သောအချိန်ကို မြတ်နိုးပါ) ကောင်းလိုက်တာ။နာမည်ကောင်းပဲ ဟားဟား..." ကုရှီ၏နာမည်အသစ်ကို တွေးရင်း အဖိုးကု ရွှင်မြူးလာပြန်သည်။
တဖက်က အိမ်ထိန်းကျန့်သည် ငြီးတွားမိသည်။:နာမည်က ကောင်းမွန်နေလို့မဟုတ်ဘူး။သူ့မြေးနာမည် ဘာနာမည်ဖြစ်နေပစေ ကောင်းနေမှာပဲဟာကို။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.