Ch-28 : "ပါပါးရဲ့ breakfast-1"

1.5K 184 0
                                    

Ch-28 : "ပါးပါးရဲ့breakfast-1"

လင်းရှီသည် လင်းမိသားစုထံမှ ဒီငွေ ယူလာဖို့ အရမ်းခက်ခဲခဲ့သည်။

အဖွားနှင့်အခြားသူများ၏စစ်ဆေးမှုကြားက အတူယူလာနိုင်ဖို့ခရီးဆောင်အိတ်ထဲ ဖွက်ထားခဲ့ရသည်။

သူမ ခရီးဆောင် အိတ် အထုတ်ဖြည်ချိန်မှ ထိုငွေကိုထုတ်ခဲ့သည်။ကုရှောင်း လက်မခံမှာစိုးရိမ်မိသည်။

ကုရှောင်း၏မျက်ဝန်းများ မျက်မှောင်ကြုံလာတော့သည်။

" မင်းအရွယ်ရောက်တဲ့အထိ ထောက်ပံ့ပေးမယ်လို့ မင်းကို ပြောထားတယ် ငါ့ စကားအတိုင်း ငါလုပ်မယ်။"ကုရှောင်း သည် ညှိနှိုင်းလို့မရတဲ့ လေသံဖြင့်ပြောလာသည်။ " အရွယ်မရောက်သေးသူအနေနဲ့ဒီကာလအတွင်း မင်းရဲ့ကုန်ကျစရိတ်အတွက် စိတ်ပူစရာမလိုဘူး"

လင်းရှီမှာ အနည်းငယ် ထိတ်လန့်သွားတော့သည်။ဒါ ဘာသဘောလဲ?

ကုရှောင်း က သူမကို ထောက်ပံ့ဖို့ ပိုက်ဆံမလိုဘူးဆိုတာ သိပေမယ့် လက်ခံဖို့ ငြင်းနေတာကတော့ စိတ်မသက်မသာဖြစ်စေသည်။

"မင်းရဲ့ပိုက်ဆံကိုပြန်ယူ။"

လင်းရှီ သည် ရှိနေသည့် နေရာ၌ ရပ်နေကာ လက်ချောင်းများ တွ့န်လိမ်နေကာ မလှုပ်ရှားပေ။

"ငါ ထပ်ပြောဖို့လိုလား?

လင်းရှီသည်ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်မိသည်။

နောက်ဆုံး ကုရှောင်း၏အကြည့်အောက် သူမ၏နှုတ်ခမ်းများကိုက်၍ပြောလိုက်သည် " Goodnight ပါးပါး"

သူမ ပိုက်ဆံကိုထားခဲ့သည်။လင်းရှီ ပြေးထွက်သွားတာ ကြည့်ပြီး စားပွဲပေါ် က ပိုက်ဆံကို ကြည့်ကာ ကုရှောင်း ခေါင်းကိုက်လာတော့သည်။တချိန်ထဲမထူးခြားတဲ့ ခံစားချက် သူ့နှလုံးသားထဲဝင်ရောက်လာခဲ့သည်။

လင်းရှီ သည် အခန်းထဲ ပြန်လာပြီး သက်ပြင်းချလိုက်မိသည်။အတူယူလာတဲ့ ခရီးဆောင်အိတ်ကို သယ်လာသည်။

ယာယီတိုက်ခန်းမှာနဲ့မတူတာက ဒီတခေါက် လင်းရှီ ပစ္စည်းများဖြည်ဖို့ များစွားအားထုတ်ခဲ့ရသည်။- အရာအားလုံး အဆင်ပြေရင် ဒီမှာအရွယ်ရောက်လာသည် အထိကြာကြာနေနိုင်ပေလိမ့်မည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now