အခန်း(၅) မတရားစွပ်စွဲချောက်ချခံရခြင်း (ဒုတိယပိုင်း)

7.8K 886 25
                                    

ကျောက်ဝမ်ယုံးက မျက်ခုံးတွေကို တင်းကြပ်စွာကျုံထားပြီး ကြည့်ရတာ စိတ်မရှည်တော့သည့်ပုံပေ။

"မင်းငါ့ကို စိတ်တိုအောင်လုပ်နေပြန်ပြီလား"

ကုထင်ရန်က ကျောကို မတ်မတ်ဆန့်တန်းထားပြီး ဘာတစ်ခွန်းမှမပြောပေ။ သူက ထိုနေရာမှာတင် တုပ်တုပ်တောင်မလှုပ်ဘဲ ရပ်နေသည်။ မျက်လုံးအကြည့်တွေကတော့ ပြတင်းပေါက်အပြင်ဘက်ကို ဝေ့ကြည့်နေသည်။

အကယ်၍ အသေအချာကြည့်လျှင် အမှန်တကယ်တော့ သူ၏နောက်ကျောက အရမ်းကို အားနည်းချိနဲ့လျက်ရှိသည်။

ဒါပေမယ့် ကျောက်ဝမ်ယုံးက ဂရုမစိုက်ပေ။ ကုထင်ရန်၏ ထိုပုံစံက သူ့ကို အရမ်းစိတ်ဆိုးဒေါသထွက်စေသည်။

ကုထင်ရန်က သူ့အပေါ်မှာဆို အမြဲတမ်း ထိုပုံစံအတိုင်းဆက်ဆံသည်။ နှလုံးသားက အေးစက်စက်နှင့် လုံးဝ နှုးညံနွေးထွေးလာဖို့မရှိပေ။ သူ့ကို ဘယ်လိုပဲဆက်ဆံပါစေ သူကတော့ အကြည့်လေးတစ်ချက်တောင် စွန့်ကြဲပေးကမ်းလိမ့်မည်မဟုတ်ပေ။

ပညာပေးဆုံးမ ခံနေရရင်တောင်မှ အပိုးကျိူးလိမ္မာချင်ယောင်ဆောင်နေပေမယ့် အသွေးအသားထဲမှာတော့ အရာအားလုံးကို အရေးမထားသည့် သွေးအေးသည့် လူဖြစ်နေဆဲပင်။

"ကိုယ်တော် နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်၊ ရို့လန်ကို တောင်းပန်လိုက်"

ကျောက်ဝမ်ယုံး၏ အသံက အေးစက်ခက်ထန်နေသည်။ ဒါက သူဒေါသထွက်နေပြီဆိုတဲ့ နိမိတ်ပင်ဖြစ်သည်။ကုထင်ရန်သည် အချိန်နှစ်နှစ်လောက် အသုံးချခဲ့ပြီးမှ ဒါတွေ အားလုံးကို နားလည်ခဲ့သည်။ သူ၏လက်က တစ်ဆက်ဆက်တုန်ယင်နေပေမယ့် လူကတော့ ခေါင်းမာစွာနှင့် တုပ်တုပ်တောင်မလှုပ်ပေ။

ဒီကိစ္စလောက်လေးနဲ့ သူလုံးဝ ခေါင်းငုံမှာမဟုတ်ပေ။

"မင်းက သေချင်နေတာပဲ"

ကျောက်ဝမ်ယုံး၏ ပါးတစ်ချက်ရိုက်ချက်က ကုထင်ရန်ကို မြေပြင်ပေါ် လဲကျသွားစေသည်။ လဲကျသည့်ချိန်တွင် နှဖူးက စားပွဲစောင်းနှင့်တိုက်မိသွား၍ သွေးများစီကျလာကာ မျက်နှာတစ်ဝက်ကို ဖုံးလွှမ်းသွားသည်။ သို့သော် ကျောက်ဝမ်ယုံးကတော့ သနားစိတ်လေး နည်းနည်းတောင်ဝင်မလာပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now