အခန်း(၃၂) ရန်စခြင်း (ဒုတိယပိုင်း)

5.9K 744 31
                                    

ကုထင်ရန်ကတော့ ပေါ့တိပေါ့ပျက်ပုံစံဖြစ်နေဆဲပင်။ ထိုပန်းအိုးကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။

"ဒီလောက်လှတဲ့ပန်းတွေ နှမြောစရာပဲ"

ကုရို့လန်က ပိုပြီး စိတ်တိုသွားသည်။

ဒီနေ့ သူမက အချိန်ကိုက်တွက်ချက်ပြီး ရောက်လာတာဖြစ်သည်။ သူမက ကုထင်ရန်ကို သေချာပေါက် တန်ရာတန်ကြေးပေးဆပ်ခိုင်းရမည်။ သူမက ဒီလူကို ကိုယ့်ရဲ့နေရာအဆင့်အတန်းကို ရှင်းရှင်းလင်းလင်းမြင်စေချင်သည်။

သေချာပေါက် သူမက အရှင်မင်းကြီး နန်းတတ်လာကတည်းက ပထမဆုံးဖြစ်သည့် ရင်သွေးကို လွယ်ထားရပေမယ့် မျက်စိရှေ့က ရွံ့စရာကောင်းသည့်၊ ရှက်ရကောင်းမှန်းမသိသည့် ဒီလူက တစ်ချိန်လုံး အရှင်မင်းကြီးကို မောင်ပိုင်စီးထားသည်။ ထို့အပြင် မထင်မှတ်ဘဲ အဖေက သူမကို သည်းခံခိုင်းထားသေးသည်။

သူမ သည်းမခံနိုင်တော့ပေ။ သူ့ကို သင်ခန်းစာတစ်ခုလောက် မဖြစ်မနေပေးရမည်။

အပြင်ဘက်ကနေ ဆူညံသံတစ်ခု ပျံလွှင့်လာ
သဖြင့် ကုရို့လန်က ရုတ်တရက်
ကုထင်ရန်၏ လက်ကို ဆွဲလိုက်ပြီး ထိုနောက် အော်လိုက်ကာ လှဲချလိုက်၍ နာကျင်နေသည့် အမူအရာတစ်ခု ထုတ်ပြလာသည်။

ကုထင်ရန်က သူမရဲ့ ကိုရိုးကားယားနိုင်သည့် သရုပ်ဆောင်မှုကို ကြည့်ပြီး ရုတ်တရက် မမှန်းဆနိုင်သည့် အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုမျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်နေခဲ့သည်။

ထိုနောက် သူက ကတ်ကြေးကို ယူလိုက်ပြီး ကိုယ့်ရဲ့လက်မောင်း၌ အရိုးထဲထိနက်သည့် ဒဏ်ရာတစ်ခု ဆွဲခြစ်လိုက်သဖြင့် သွေးများက တစက်စက်စီးကျလာသည်။

ကုထင်ရန်ကတော့ ဘာမှမခံစားရသလိုပင်၊ သူက နှုတ်ခမ်းထောင့်စွန်းကို မသိမသာပင့်တင်လိုက်ပြီး ရန်လိုမှုအပြည့်ဖြင့် ကုရို့လန်ကို ကြည့်လာသဖြင့် ငရဲကနေ တွားသွားတတ်လာသည့် မိစ္ဆာနှင့် တူနေသည်။

ကုရို့လန်က ရုတ်တရက် ကြောက်လန့်သွားပြီး သူမက တခဏလောက် ထင်ယောင်ထင်မှားဖြစ်သွားသည်။ မျက်စိရှေ့ရှိ လူက အရင်တုန်းက သူမ စိတ်တိုင်းကျ အကျပ်ကိုင်လို့ရတဲ့သူ မဟုတ်တော့သလိုပင်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now