အခန်း(၁၉) အရှင် ကျွန်တော့်ကို မရိုက်ဘူးလား

7.4K 794 16
                                    

ကျန်းမင်မင်က ရုတ်တရက်လန့်ဖျန့်ပြီး ခြေမကိုင်လက်မကိုင်မိဖြစ်သွားသဖြင့် ကြည့်ရတာ ငိုတော့မယ့်အတိုင်းပင်။ သူမ မကြာခဏနန်းတော်ထဲဝင်ဖူးပြီး ဧကရာဇ်ကိုလည်း အကြိမ်အချို့တွေ့ဖူးသော်ငြား ထိုအချိန်တုန်းက ဧကရာဇ်၏မျက်နှာထားက ချိုသာ
ရွင်လန်းနေရာ ဘယ်တုန်းကမှ ဒီလောက်ထိ မကောင်းဆိုးဝါးဆန်မနေ‌ပေ။

"သူလမ်းပျောက်သွားလို့ပါ"

ကုထင်ရန်က ကျောက်ဝမ်ယုံးနှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း လေသံက အမြဲတမ်း ဂရုမစိုက်ဟန် ဖြစ်နေသည်။
သူကပြောရင်း ကျောက်ဝမ်ယုံး၏ အရှေ့ကို လျှောက်လာ၏။ သူ့ရဲ့ အပြုအမူက သိပ်မသိသာပေမယ့် ကျန်းမင်မင်ကို လုံအောင် ကိုယ်အနောက်မှာ ကွယ်ထားလိုက်သည်။

"ကျွန်တော်က သူ့ကို လိုက်ပို့ပေးမလို့ပါ"

သူ့ရဲ့ အမူအရာက ရိုကျိုးနေပြီး စကားကိုလည်း သတိထား၍ ပြောနေပေမယ့် မျက်လုံးအကြည့်တွေကတော့ ခိုင်မာပြတ်သားနေသည်။

ကျောက်ဝမ်ယုံး၏ ရင်ဘတ်ထဲရှိ ဒေါသမီးဟာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာတာကို ခံစားမိလိုက်သည်။

"မင်း သူ့ကို ခေါ်သွားလိုက်"

သူက ကျန်းမင်မင်ကို ညွှန်ပြပြီး ရှုရွေ့ကို ခေါ်သွားခိုင်းလိုက်သည်။ နန်းတော်ထဲက လူတိုင်း အဲ့ဒီသခင်မလေးကို သိကြသည်။ ရှုရွေ့ကခြွင်းချက်မရှိ ကလေးမလေးကို ဆွဲခေါ်ပြီး ကျန်းအိမ်တော်သို့ ပြန်ပို့ရန် ပြင်လိုက်သည်။

"သမီးမ...."

ကျန်းမင်မင်က ကုထင်ရန်၏ ဝတ်ရုံလက်ကို ဆွဲပြီး ငြင်းဆန်လိုက်သည့်အသံက သတိမထားမိလောက်သည်အထိ တိုးလွန်းလှ၏။
ကုထင်ရန်ကို လှမ်းကြည့်တဲ့ မျက်ဝန်းအစုံထဲတွင် စိုးရိမ်ပူပန်မှုများ ခပ်ရေးရေးလေး ကိန်းအောင်းနေ၏။

ဧကရာဇ်က အရမ်းကြောက်စရာကောင်းသည်။ သူမ ထိုလူကို ကာကွယ်ချင်သည်။ သူမက ဒီလောက်ထိ အားနွဲ့နေရင်တောင် ထိုသူ့ကို ကာကွယ်ချင်သေးသည်။ သူမရဲ့ အကြည့်က ကုထင်ရန် နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာကို ရုတ်တရက် ထိ‌တွေ့မိသွားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now