ကုထင်ရန်ပြောလိုက်သည်နှင့်
ကျန်းကျီလန်၏ စိတ်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ကုထင်ရန်က ကုရို့လန် ပြန်အချစ်ခံရအောင် ကူညီနေသလားဟု သူမစိတ်ထဲမှာတွေးမိလိုက်သည်။ ထိုအကြောင်းကိုတွေးမိတော့ ကျန်းကျီလန်က မုန်းတီးသွားသည်။ ဒီမောင်နှမတွေက တကယ့်ကို ဒီပုတ်ထဲက
ဒီပဲတွေဖြစ်သည်။ သို့ပေမယ့် သူမက မုန်းတီးမှုကြောင့် အံတကြိတ်ကြိတ်ဖြစ်နေပေမယ့် တားမြစ်နိုင်စွမ်းလည်းမရှိပေ။သူမက ကုရို့လန်ကို တမင်သက်သက် ထိုနေရာမှာ နေရာချပေးထားမိ၍ စိတ်ထဲမှာ အနည်းငယ် ပူပန်သွားသည်။ ပန်းလိုလှပသည့် အလှလေးကို ထိုပုံစံအတိုင်း အေးခဲ အောင် ထားထားသဖြင့် ကျောက်ဝမ်ယုံးက သူမကို ပြဿနာ လာရှာလောက်လေမလား။
ကြောက်မှကြောက် ကုထင်ရန်က
ကျောက်ဝမ်ယုံးကို ဘာညာထပ်ပြောလိုက်လို့ သူမက လုံးဝ ပွဲသိမ်းသွားမှာကို ကြောက်ရမှာဖြစ်သည်။ကျန်းကျီလန်၏ စိတ်ထဲ၌ ပူလောင်ကြောင့်ကြနေသည်။ ဘယ်လိုလုပ်ရမလဲဟု စဉ်းစားလို့တောင်မရသေးပေ ရှေ့ဆုံးမှာ ထိုင်နေသည့် ကျောက်ဝမ်ယုံးက ခပ်ဖျော့ဖျော့ပြုံးရင်း မေးလိုက်သည့် အသံကို ကြားလိုက်သည်။
"အို၊ ဟုတ်လား"
ကြည့်လိုက်တာနဲ့ ကျောက်ဝမ်ယုံးက စိတ်ဝင်တစားရှိလာပြီး ထောင့်စွန်းက ကုရို့လန်ကို သတိထားမိသွားတာ သေချာသည်။
ကျန်းကျီလန်မှာ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်နှုန်းတွေ မြန်လာသည်။ သူမ၏ တုံပြန်မှုက အနည်းငယ်သိသာလာပြီး စိတ်ထဲက မလုံမလဲဖြစ်မှုက မျက်နှာထက်၌ ပေါ်လွင်လာသည်။ ကုထင်ရန်က သူမကို တမင်သက်သက် တစ်ချက် လှမ်းကြည့်လိုက်ပေမယ့် နောက်ဆုံးမှာတော့ အကြည့်ကို ကုရို့လန်ဆီသို့ ပို့လိုက်သည်။သူ့နှုတ်ခမ်းထောင့်မှာ ပြုံးပန်းဆင်ထားပြီး မျက်ဝန်းက လှောင်ပြောင်ချင်မှုတွေကိန်း အောင်းနေကာ ကြည့်ရတာ အရမ်းပျော်နေပုံရသည်။
နီရဲနေသည့် နှုတ်ခမ်းလွှာလေးကို ဖြည့်ညှင်းစွာဖွင့်ဟလိုက်ပေမယ့် လေသံကတော့ စိတ်မပါတပါဖြစ်နေသည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Ficción históricaဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား