ကျောက်ဝမ်ယုံးက သူ့လက်ကို ဆွဲ၍ လူအုပ်ထဲ လျှောက်လှမ်းသွားလေသည်။
ညဘက်တွင် လမ်းဘေး၌ အနုပညာအတတ်များပြသ၍ ဝင်ငွေရှာသည့် လေလွင့်သိုင်းသမားများ ရှိသေးသည်။ ကုထင်ရန်က စိတ်အားထက်သန်တတ်ကြွစွာ ကြည့်နေသဖြင့် ကျောက်ဝမ်ယုံးက ကိုယ့်ရဲ့ ဗဟုသုတများကို မဝေမျှဘဲ မနေနိုင်တော့။
"အဲ့ဒါက ရေပေါ်မှာ ဆီလောင်းထားလို့"
လက်စသတ်တော့ အဝေးတစ်နေရာတွင် ရေပေါ်မှာ မီးရှို့ပြနေသည့် ယောင်္ကျားကြီး တစ်ဦးရှိနေလေသည်။ ရေနှင့်မီးက သဟဇာတမဖြစ်ကြသည်ကို ရှေးပဝေဏသီထဲက ဆိုးရိုးစကားရှိပါသည်။ ဤကဲ့သို့သော ထူးဆန်းစရာမြင်ကွင်းက တခဲနက် အားပေးမှုကို ဖြစ်ပေါ်လာစေမှာ သေချာပါသည်။ ကုထင်ရန်တောင် ကျောက်ဝမ်ယုံးကို ဆွဲခေါ်ပြီး သွားတိုးကြည့်လေသည်။
ကျောက်ဝမ်ယုံး၏ ပြက်ရယ်ပြုသည့် စကား ထွက်ကျလာသည်နှင့် ကုထင်ရန်၏ မျက်နှာက ညိုးကျသွားလေသည်။
ကျောက်ဝမ်ယုံးကတော့ ကိုယ်က အရမ်း တော်တတ်သည်ဟု ထင်နေသေးသဖြင့် တတွတ်တွတ် ထပ်ပြောနေလေသည်။
"မင်းကြည့်လေ၊ ရေပေါ်မှာ ဆီဝေ့နေတာကို မီးညှိလိုက်တာနဲ့ ချက်ချင်း တဟုန်းဟုန်းတောက်မှာ သေချာတယ်"
သူပြောတဲ့ အသံက သိပ်မကျယ်သလို သိပ်လည်း မတိုးသဖြင့် အနှီစကားကို ဘေးနားရှိ လူအချို့က အကုန်ကြားကြသည်။ ချက်ချင်းဆိုသလို ဟိုတစ်စု ဒီတစ်စုလူများက ဝေဖန်လာကြသဖြင့် ကြီးကြီးမားမား ဆူညံ့မှုတစ်ခု ဖြစ်ပေါ်လာလေသည်။
ပညာပြစားသည့် ထိုယောင်္ကျားကြီးက အနှီဘက်ခြမ်းမှာ တရုတ်ရုတ်ဖြစ်လာသည်ကို မြင်တော့ ကုထင်ရန်ကို စူးစိုက်ကြည့်လိုက်လေသည်။
ကုထင်ရန်က ဒေါသထွက်သွားသည်။
သူက ကျောက်ဝမ်ယုံး၏ ခြေထောက်ကို ခပ်ကြမ်းကြမ်း တစ်ချက်နင်းလိုက်ပြီး ဆွဲခေါ်ထုတ်သွားလိုက်လေသည်။ကျောက်ဝမ်ယုံးသည် ရုတ်တရက် သူ၏ အပြုအမူကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသော်လည်း လိမ်လိမ်မာမာဖြင့် သူ့နောက်လိုက်သွားလိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား