အပိုင်း(၁၅) ချစ်သူများနေ့ (ဒုတိယပိုင်း)

2.3K 288 7
                                    

လမ်းခရီးတွင် ကုထင်ရန်က မချုပ်တီးနိုင်ဘဲ ခေါင်းဆန့်ထုတ်၍ ကြည့်နေလေသည်။

အကန့်အသတ်ရှိတဲ့ သူ့ မှတ်ဉာဏ်ထဲတွင် ဒါက ပထမဆုံးအကြိမ် အပြင်ထွက်တာဖြစ်ပေသည်။ တံတိုင်းမြင့်မြင့်နှင့် ခြံဝင်းအကြီးကြီး အပြင်ဘက်ရှိ ဘဝတွေက ဘယ်လိုမျိုးလဲဆိုတာကို အကြောင်းရင်းမရှိဘဲ သွားကြည့်ချင်နေလေသည်။

သို့ပေမယ့် တကျိုး၏ မြို့တော်တစ်ခုအနေနဲ့ နန်းတော်၏ ပတ်ပတ်လည်တွင် ချမ်းသာကြွယ်ဝသည့် မင်းမူထမ်းအရာရှိကြီးများ နေထိုင်ကြမှာ သေချာပါသည်။ လမ်းတစ်လျှောက်လုံးက တံတိုင်းမြင့်မြင့် ခြံဝန်းကြီးကြီး အိမ်များဖြစ်ကြသည်။

ထိုကဲ့သို့ဆိုရင်တောင် ကုထင်ရန်က စိတ်အားထက်သန်စွာဖြင့် ကြည့်နေလေသည်။
ကျောက်ဝမ်ယုံးက စစချင်းမှာ သူ့ကို မနှောက်ယှက်ပေ။ ဒီလမ်းတွေက ဘာထူးခြားမှုမှလည်း မရှိသလို ညနေဘက်မှာ လူသွားလူလာလည်း အင်မတန် နည်းပါးသဖြင့် ကုထင်ရန်က ခဏတဖြုတ် ကြည့်ပြီးရင် စိတ်ဝင်စားလောက်တော့မှာ မဟုတ်ဘူးဟု သူတွေးနေလေသည်။

သို့သော် မမျှော်လင့်ဘဲ ကုထင်ရန်က စိတ်အားထက်သန်တတ်ကြွစွာဖြင့် အကြာကြီး ကြည့်နေခဲ့လေသည်။ ကျောက်ဝမ်ယုံးသည် လမ်းမှာ အပြင်းပြေစေရန် စာအုပ်တစ်ချို့နှင့် သရေစာမုန့်တစ်ချို့ကို သူ့အတွက် အထူးတလည် ပြင်ဆင်ပေးထားသော်လည်း အသုံးမဝင်လိုက်ချေ။

သူက မအောင့်အီးနိုင်တော့သဖြင့် ကုထင်ရန် ဘေးနား ကပ်ပြီး မေးလိုက်လေသည်။

"ဘာတွေကြည့်နေလို့ ဒီလောက်ပျော်နေရတာလဲ"

ကုထင်ရန်က မျက်တောင်ပင်မခတ်ဘဲ အပြင်ဘက်သို့ စိုက်ကြည့်နေရင်း လေသံထဲတွင် စိတ်လှုပ်ရှားမှုများက ဖုံးကွယ်လို့တောင်မရနိုင်ချေ။

"အပြင်ကို ကြည့်နေတာ"

ကျောက်ဝမ်ယုံးက ပို့၍ပင် နားမလည်နိုင်ဖြစ်သွားရလေသည်။ ကုထင်ရန်ဘက်ကနေ သူကြည့်လိုက်တော့ သာမန်လမ်းလေးများနှင့် သာမန်လူတွေဖြစ်နေဆဲဖြစ်သည်။

သူက ထပ်မေးလိုက်လေသည်။

"ဘာမှလည်း မထူးခြားပဲနဲ့"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora