မုချန်နန်းဆောင်သို့ ကျောက်ဝမ်ယုံးရောက်သည့်အချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ ကုထင်ရန်က နားနေဆောင်အတွင်းရှိ ပျော့ပျောင်းသည့် ထိုင်ခုံရှည်ပေါ်တွင် လဲလှောင်းနေသည်။ သူက နှင်းတမျှဖြူဖွေးသည့် မြေခွေးသားမွေးဝတ်ရုံကိုလွှမ်းခြုံထားသဖြင့် ဟေမာန်ဆောင်းတွင်းမှ နတ်မိစ္ဆာလေးနှင့် တူနေသည်။
ဒီနေ့ရဲ့ လရောင်က အရမ်းကို ထိန်လင်းလှသည်။ ကုထင်ရန်က လရောင်အောက်တွင် အာရုံစူးစိုက်၍ စာဖတ်နေသည်။ ဘေးဘက်တွင် ရွှေနှင့်ငွေရောင်စပ်ထားသည့် မီးအိမ်လေးတခု ထောင်ထားသဖြင့် မီးအလင်းရောင်က ဖြာကျနေလေသည်။
ကျောက်ဝမ်ယုံးမှာ ရုတ်တရက် မှင်သက်မိသွားသည်။ကျောက်ဝမ်ယုံးသည် လျှောက်ဝင်သွားပြီး တချက်ကြည့်လိုက်တော့ (လေးပြည်ထောင်သမိုင်း)စာအုပ်ဖြစ်ပြီး သူနားမလည်တဲ့ အရာဖြစ်သည်။
ခဏလောက်ကြာတော့ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သတိရမိသွားသဖြင့်
စိတ်ထဲမှာ အနည်းငယ် မကျေမနပ်ဖြစ်သွား လေသည်။ စိတ်မရှည်တော့သဖြင့် တချက်ကန်လိုက်သည်။ ကန်လိုက်တာကတော့ ထိုင်ခုံကို ဖြစ်သည်။ကုထင်ရန်သည် စာအုပ်ထဲ၌ ဈာန်ဝင်နေတာကို ဖြတ်တောက်ခံလိုက်ရတော့ မျက်လုံးထဲမှာ သည်းမခံနိုင်မှုတွေနဲ့ ပြည့်နှက်သွားသည်။
ကျောက်ဝမ်ယုံးမှာ စိတ်ထဲက ဒေါသကို ချုပ်တည်းထားရလည်း ကိုယ့်မှာ ပြဿနာရှိတယ်လို့မခံစားမိဘဲ အပြစ်တင်ချင်စိတ်သာဖြစ်ပေါ်လာသည်။"ကိုယ်တော် ညစာမသုံးဆောင်ရသေးဘူး"
သူပြောလိုက်တဲ့ စကားမှာ အခြားအဓိပ္ပာယ်တစ်ချို့ကိန်းအောင်းနေသည်။ ရိုင်းစိုင်းကြမ်းကြုတ်သည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်လိုပင် မကျေနပ်ချက်ကို ဖော်ပြတာအချိုးမပြေပေ။ ကုထင်ရန်က ကြားလိုက်တာနဲ့ မျက်မှောင် တစ်ချက်ကျုံ့လိုက်သည်။ ဒီလူက ဘာဖြစ်ချင်ပြန်ပြီလဲမသိတော့ပေ။
ကုထင်ရန်က အစထဲက ကျောက်ဝမ်ယုံးကို နားမလည်ပေ။ သူ့ကို နားလည်ဖို့ စဉ်းလည်းမစဉ်စားဖူးပေ။ သူ့အတွက်ကတော့ ထိုလူက အဆုံးမရှိသည့် အရှက်တကွဲဖြစ်မှုနှင့် ဒုက္ခတွေကို သယ်ဆောင်လာတာကလွှဲရင် တခြားဘာမှမရှိပေ။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Ficción históricaဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား