"မင်းသတိမထားလို့မဟုတ်လား"
ကုထင်ရန်၏ အလေးအနက်မထားသည့် ထိုပုံစံကိုမြင်တော့ ကျောက်ဝမ်ယုံးက ဒေါသချက်ချင်းထွက်လာသည်။
"အရှင်ရဲ့ ချစ်မိဖုရားက ကျွန်တော်ဆီ ပြဿနာလာရှာတာ ကျွန်တော်က ဘာလုပ်နိုင်မှာလဲ"
ကုထင်ရန်၏ မျက်ခုံးတွေက အနည်းငယ် ကျုံ့ထားကာ သူက အသိအသာကြီး ခေါင်းငုံ၍ ဒဏ်ရာကိုကြည့်နေပေမယ့် မျက်ဝန်းထဲက ရွံရှာမုန်းတီးမှုတွေက လုံးဝ မဖုံးကွယ်နိုင်ချေ။
ကျောက်ဝမ်ယုံး၏ မျက်နှာကလည်း စိတ်မရှည်သည့် ပုံစံဖြစ်နေသည်။ ကုထင်ရန်လို
ယောင်္ကျားကြီးတစ်ယောက်က ဘာလို့ မိန်းကလေးတစ်ယောက်နှင့် လိုက်တွက်ကပ်နေမှန်း သူတကယ်ကို နားမလည်နိုင်တော့ချေ။"သူက မင်းညီမလေးလေ၊ မင်းအမြဲ ဒီလိုမလုပ်နဲ့"
ကျောက်ဝမ်ယုံးက ကုထင်ရန်၏ ဘေးမှာထိုင်ရင်း လက်ကို ကုထင်ရန်၏ ပုခုံးပေါ် တင်ထားပြီး ဖျောင်းဖျနားချနေသည်။
သို့ပေမယ့် ကုထင်ရန်၏ မျက်နှာက ချက်ချင်းပျက်ယွင်းသွားသည်။ သူက ရုတ်တရက် ထရပ်လိုက်သဖြင့် ခုနက စည်းထားပြီးသည့် လက်မောင်းက သွေးပြန်စွန်းထင်သွားသည်။
"ကျွန်တော် နောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်၊ သူက ကျွန်တော့် ညီမလေးမဟုတ်ဘူး"
သွေးစွန်းကွက်က ကျောက်ဝမ်ယုံး၏ မျက်ဝန်းထဲမှာ အတော်လေး မျက်စိစူးလာသည်။ ဒေါသက ဖိနှိပ်တာ ဖိနှိပ်လို့မရသဖြင့် ဦးရေပြားတောင်ထုံကျဉ်လာသည်။ တမင်သက်သက် ကုထင်ရန်က ကိုယ့်ရဲ့ လက်မောင်းကို လုံးဝအရေးမထားတာဖြစ်သည်။ အပြုအမူတွေကို နည်းနည်းလေးတောင် ဂရုမစိုက်ပေ။ ကျောက်ဝမ်ယုံးက သူရဲ့ထိုပုံစံကိုကြည့်ရင်း ပိုပြီး စိတ်တိုလာသည်။
"စကားပြောရင်လည်းပြောလေ၊ မင်း လက်မောင်းကို ဘာလို့ လှုပ်တာလဲ"
ပြောပြီးနောက် ကျောက်ဝမ်ယုံးက လက်ဆန့်၍ ဆေးသေတ္တာနှင့် ပတ်တီးကို ယူလိုက်ကာ နဂိုက စည်းပြီးသားဖြစ်သည့် ဒဏ်ရာကို ဖရိုဖရဲဖြည်လိုက်ပြီး ကိုယ်ကိုလှည့်၍ ကိုယ်တိုင်ကိုယ်ကျ ကုထင်ရန်အတွက် ပြန်စည်းပေးလိုက်သည်။
VOUS LISEZ
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Fiction Historiqueဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား