အခန်း(၅၇) ကလေးကို လက်လွှတ်၍ မိခင်ကို ကယ်မည်

6.9K 715 31
                                    

နောက်တစ်နေ့တွင် ကျောက်ဝမ်ယုံးသည်
လီယွမ်အား သမားတော်ဌာနရှိ သမားတော်များအားလုံးကို ဟယ်ဟွားအဆောင်သို့ ခေါ်ခိုင်းလိုက်သည်။

ကုထင်ရန်၏ မျက်နှာကို လိုက်ကာဖြင့်
ခြားကာ ဖုံးကွယ်ထားပြီး လက်တစ်ဖက်သာ ထုတ်ထားသည်။

အရိုးအစစ်တွေဖြင့် သိသာထင်ရှားနေ
သည့် ထိုလက်ကို ကြည့်ရတာ မိန်းကလေးတစ်ယောက်၏ လက်နဲ့မတူပေ။ သို့ပေမယ့် ဧကရာဇ်အရှင်၏ အခိုင်အမာပြောဆိုချက်အရ ဒီလူက သိပ်မကြာခင်ကမှ ရာထူးအပ်နှင်းထားသည့် ကြင်ယာတော်မုဖြစ်သဖြင့် သမားတော်တစ်စုကလည်း စိတ်ထဲက သံသယကို ဖိနှိပ်ထားလိုက်ရသည်။

"သူကျန်းမာရေးမကောင်းဘူး၊ မင်းတို့ နည်းနည်းဂရုစိုက်ပြီး သူ့ကျန်းမာရေးကို ပိုကောင်းစေမယ့် ဆေးညွှန်းတစ်ခု ဖော်စပ်ပေး၊ ကိုယ်တော် မိခင်ကို ဘေးကင်းစေချင်တယ်!"

သမားတော်ဌာနရှိ သမားတော်တွေက ထိုကျမှသာ ဒီအသစ် တစ်ယောက်က ဧကရာဇ်အရှင် ချစ်မြတ်နိုးရတဲ့လူမှန်း နားလည်သဘောပေါက်သွားကြသည်။

အရင် ချုံကွမ်းလျှို့နန်းဆောင်ရှိ ကွေ့ဖေးမယ်မယ် ကိုယ်ဝန်ရှိတုန်းကလည်း ဧကရာဇ်အရှင်က ဒီလိုမျိုး စိုးရိမ်ပူပန်နေတာကို မတွေ့ခဲ့ရပေ။ သမားတော်ဌာနရှိ လူအကုန်လုံးက ချက်ချင်း အာရုံစူးစိုက်ကာ အလေးအနက်ထား၍ ထိုလူကို စမ်းသပ်ပေးကြသည်။

ဒါပေမယ့် သွေးကြောစမ်းပြီးသည့် သမားတော်အယောက်တိုင်းက မျက်မှောင်ကျုံ့လိုက်ကြပြီး စကားတစ်ခွန်းမှ ထွက်မလာကြပေ။ ကြည့်နေသည့်ကျောက်ဝမ်ယုံးက ထိတ်လန့်တုန်လှုပ်လာသည်။

"မင်းပြော၊ ဘယ်လိုအခြေအနေလဲ"

သူက လက်လှမ်းမီရာ သမားတော်တစ်ယောက်ကို ဆွဲပြီး ရင့်ရင့်သီးသီး အသံဖြင့် မေးလိုက်သည်။ထိုသမားတော်လေးက လန့်ဖျန့်၍ ချက်ချင်း ဒူးထောက်ချလိုက်ကာ စကားပြောတာတောင် တုန်ယင်နေလေသည်။

"အရှင်....အရှင်မင်းကြီး ဒီသခင်လေးရဲ့ ခန္ဓာကိုယ်က အစထဲက ကိုယ်ခံအားနည်းတယ် အစောပိုင်းနှစ်တွေတုန်းကလည်း ကျန်းမာရေးချူချာခဲ့ပြီး သွေးအားနည်းရောဂါပါ ရှိနေတော့ ကလေးမွေးဖို့ အဆင်မပြေမှာ စိုးမိတယ်!"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now