ရူရွေ့က ချက်ချင်း ပြန်မဖြေပေ။ ဘေးပတ်ပတ်လည်ကို တစ်ခေါက် ကြည့်ပြီး လူတွေအကုန် ထွက်သွားပြီဆိုတာကို အတည်ပြုပြီးမှသာ ကိုယ်ကို ကိုင်းညွှတ်၍ ကုထင်ရန်၏ နားရွက်နားမှာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ပစ္စည်းရှာတွေ့ပြီ"
ကုထင်ရန်၏ နှုတ်ခမ်းထောင့်စွန်းက
ကော့တတ်သွားပြီး အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။"ဟုတ်လား၊ ယူလာခဲ့လိုက်"
ရူရွေ့က ထိုကျမှပဲ ဝတ်ရုံလက်ထဲကနေ သိပ်မကြီးသည့် သစ်သား သေတ္တာကို ယူထုတ်လိုက်သည်။ ထို သေတ္တာလေးက ကြည့်လိုက်ရင် သာမန်ဖြစ်ပြီး ဘာမှမဆန်းပြား သော်လည်း ကုထင်ရန် လက်ချောင်းလေးဖြင့် ဖွဖွလေး ထိလိုက်တာနဲ့ အထဲက လျှို့ဝှက် အကန့်လေးကို တွေ့လိုက်သည်။
ကုထင်ရန်က အထဲက ပစ္စည်းကို ချက်ချင်း ယူမထုတ်ဘဲ ရူရွေ့ကို အကြည့်ဖြင့် အချက်ပြလိုက်သည်။ ရူရွေ့က သဘောပေါက်လိုက်၍ တိတ်တိတ်ကလေး ချက်ချင်း ထွက်သွားလိုက်သည်။ ထွက်သွားပြီးနောက် တံခါးကို လုံအောင် ပိတ်သွားလိုက်သေးသည်။ ထိုနောက် တစ်ယောက်ထဲ တံခါးရှေ့မှာ ရပ်ကာ စောင့်ကြည့်ပေးနေသည်။
လူထွက်သွားတာ မြင်တော့မှပဲ
ကုထင်ရန်က စိတ်သက်သာရာရသွားသည်။ အထဲမှာ ဘာပစ္စည်းလဲဆိုတာ သူသေချာမသိပေမယ့် စိတ်ထဲမှာတော့ အတွေးတစ်ချို့ရှိနေသည်။ အမေ့အတွက် သွမ်းဝမ် ထားပေးခဲ့တဲ့အရာက သာမန်ပစ္စည်းဖြစ်မှာ မဟုတ်ပေ။သူအလိုချင်ဆုံး ပစ္စည်းဖြစ်လောက်မည်။
အရင်ရက်တုန်းက သခင်မကြီးကုသည်
စွန်းမိုမို၏ သမီးကို ရှာရန် သူ့ကို မသိမသာ အရိပ်အမြွတ်ပြခဲ့ကတည်းက သူတစ်ခုခုကို ခံစားမိလိုက်သဖြင့် မွေးရပ်မြေသို့ အမြန်သွားရန် နန်းတော်အပြင်ဘက်ရှိ ကုအိမ်တော်မှ အိမ်တော်ထိန်းကို ချက်ချင်းစေလွှတ်ခဲ့သည်။ထိုအိမ်တော်ထိန်း၏ မျိုးရိုးနာမည်က ထန်ဖြစ်ပြီး အဘိုး၏ မိသားစုမှ လူဖြစ်သောကြောင့် ယုံကြည်စိတ်ချရသည်။
စွန်းမိုမို၏ နာမကျန်းဖြစ်ပြီး သေဆုံးမှုကို အကြောင်းပြ၍ အိမ်တော်ထိန်းထန်က ကိုယ်တိုင်ကိုယ်ကျ မွေးရပ်မြေသို့သွားခဲ့သည်။ သခင်မကြီးက သူမ ဒီနှစ်တွေမှာ ဆင်းရဲပင်ပန်းမှုကို မမူဘဲ မညည်းမညူပြုစုစောက်ရှောက်ခဲ့မှုကို ငဲ့ညှာမိ၍ ဆုလာဘ်အဖြစ် ရွေငွေတစ်ချို့ကို တကူးတက ထည့်ပေးလိုက်သည်။
أنت تقرأ
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
أدب تاريخيဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား