အပိုင်(၇၅) မင်းငါ့ကို သေစေချင်တာလား

2.4K 338 20
                                    

ကျောက်ဝမ်ယုံးသည် စိတ်ရူးပေါက်သွားသလို ကုထင်ရန်အား အသကုန် အော်ဟစ်လေတော့သည်။ ကုထင်ရန်အား သူစိုက်ကြည့်နေသော မျက်ဝန်းအစုံထဲတွင် အဖြေသိနှင့်ပြီးသားဖြစ်သည့် သေချာမှုများ ကိန်းအောင်းနေခဲ့သည်။

သို့ပေမယ့် မျက်ဝန်းထဲတွင် သတိထားမိဖို့မလွယ်သည့် ပျော့ညံ့မှု တစ်စွန်းတစ်စ
ယိုဖိတ်နေသည်။ သူ မသိသော အဖြေများကို ထပ်မျှော်လင့်မိနေသလိုပင်။

ကုထင်ရန်၏ လက်ချောင်းလေးများက မသိမသာ ကွေးသွားပြီး အနည်းငယ် တုန်ယင်သွားလေသည်။ သို့ပေမယ့် နောက်ဆုံးမှာတော့ စကားတစ်ခွန်းမှပြောမလာချေ။

"ငါကြည့်ရသလောက် မင်းငါ့ကို သေစေချင်နေသလိုပဲ"

ကျောက်ဝမ်ယုံးက သူ့ကို လေသံမာမာနဲ့ ပြောလိုက်သည်။ သေချာပေါက် လေသံမာမာနဲ့ ပြောလိုက်သည့် စကားဖြစ်ပေမယ့် တစ်ပါးသူ၏ နားထဲမှာတော့ ငိုတော့မည့်အတိုင်းပင်။

"ကျွန်တော် ပြောတာ အဲ့ဒီ သဘောမဟုတ်ဘူး"

ကျောက်ဝမ်ယုံး၏ အကြည့်က ပူပြင်းလွန်းလှသဖြင့် ကုထင်ရန်က ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အေးတိအေးစက်နဲ့ ပြောလိုက်သည်။ အသံက တုန်ယင်နေလေရာ ကြောက်လန့်မှုနှင့် ရှောင်ပြေးလိုမှု အနည်းငယ် ကိန်းအောင်းနေသည့်နှယ်။

"အာ!"

ကျောက်ဝမ်ယုံးက ရုတ်တရက် တစ်ဖက်လှည့်သွားပြီး စားပွဲထက်၌ တင်ထားသည့် တန်ဖိုးကြီးမားသော အဆင်တန်ဆာများကို တွန်းချပစ်လိုက်သည်။ သူက ခေါင်းကို အုပ်ထားပြီး မျက်နှာထက်၌ သွေးစိမ်းကြောများ အပြည့်ဖြစ်လာလေသည်။ ခွမ်းဆိုသော အသံတစ်ချက်က အခန်းထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ကြွေထည်အပိုင်းအစတစ်ခုက ကျောက်ဝမ်ယုံး၏ ခြေထောက်နားကျသွားပေမယ့် သူက တုပ်တုပ်တောင်မလှုပ်ချေ။

"ကျောက်ဝမ်ယုံး ခင်ဗျား စိတ်ထိန်းဦး"

ကုထင်ရန်က သူ့ကို မျက်မှောင်ကျုံ့၍ ကြည့်နေလေသည်။ သိပ် စိတ်မရှည်တော့သလို အနည်းငယ် စိုးရိမ်နေပုံလည်းရသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now