"အမေဘာပြောလိုက်တာလဲ"
ကုထင်ရန်က ခေါင်းမော့လာပြီး သခင်မကြီးကုကို စူးစိုက်ကြည့်လိုက်သည်။ သူက နားကြားမှားတယ်လို့ပဲ ထင်နေမိသည်။ တစက်လေးတောင် မရယ်ရတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလိုပင်။
"အမေ တကယ်ပဲ ဘာပြောလိုက်တာလဲ"
သူ ရုတ်တရက် ထရယ်လိုက်သည်။ ပုံမှန်စကားစမြည်ပြောရင်း ရယ်လိုက်သလိုနဲ့တူနေသည်။ မျက်ဝန်းတွေကတော့ ငိုတော့မည့်အတိုင်းပင်၊ လေသံထဲမှာလည်း တောင်းပန်တိုးလျှိုးမှုတွေနှင့် ပြည့်နှက်နေလေသည်။
သေချာပေါက် မေးလိုက်တဲ့စကားဖြစ်ပေမယ့် သူ က အဖြေကိုလည်း မသိချင်ပြန်။
ထိုအဖြေကို သူလက်ခံနိုင်မှာမဟုတ်မှန်း သူသဘောပေါက်သောကြောင့်ဖြစ်သည်။ သခင်မကြီးကုက အောက်မှာထိုင်းရင်း တလျှောက်လုံးငိုနေပြီး သူ့ကို လုံးဝပြန်မဖြေချေ။ကုထင်ရန်က မစောင့်နိုင်တော့ချေ။ သူက ။ကုတင်ပေါ်က ကမန်းကတန်းဆင်းလာပြီး သခင်မကြီးကုရဲ့ ရှေ့ကို လျှောက်သွားလိုက်၍ သူမရဲ့ ပုခုံးကို ဆွဲလှုပ်လိုက်သည်။
"အမေ၊ ကျွန်တော် ဘာရောဂါဖြစ်တာလဲ၊
အမေတိုက်ရိုက်ပြောလိုက်ပါ၊ ဒီလို လူတွေမယုံတဲ့ အလိမ်အညာစကားတွေနဲ့ လုပ်ဇာတ် မခင်းပါနဲ့၊ ဟုတ်ပြီလား"သူက တိကျတဲ့အဖြေတစ်ခုကို ရဖို့ စိတ်စောနေလေသည်။ သို့သော် သခင်မကြီးကု၏ အပြစ်ရှိသလို အကြည့်နှင့် ရင်ဆိုင်လိုက်ရပြီးထိုအကြည့်တွေထဲတွင် ဂရုဏာသက်မိမှုများကိုပါ မြင်လိုက်ရသည်။
"မင်းရဲ့အဖွားကို မင်းမှတ်မိသေးလား"
ကုထင်ရန်က မျက်မှောင်ကျုံ့လိုက်သည်။ သူ့အဖွားက သူ့အသက်(၃)နှစ်မှာ ဆုံးသွားတာဖြစ်သည်။ ထိုအချိန်တုန်းက သူအရမ်း ငယ်သေးသဖြင့် ခေါင်းထဲမှာ ထိုလူနှင့်ပတ်သက်သည့် မှတ်ဉာဏ်တွေ ရှိမနေချေ။
သူရဲ့ ရေးတေးတေးမှတ်ဉာဏ်တွေနှင့် တခြားလူတွေပြန်ပြောပြမှုအရ အိမ်တွင်းပုန်းပြီး အပြင်ထွက်ခဲလှသည့် လူတစ်ယောက်ဖြစ်ကာ ကျက်သရေရှိ၍ လှပသော လူအိုဖြစ်ပေသည်။ သူမတွင် ထို အသက်အရွယ်၌ မရှိသင့်တဲ့လှပတင့်တယ်မှုကို ပိုင်ဆိုင်ထားပေမယ့် ဂုဏ်မောက်နေပုံလည်းမပေါ်ပေ။နောက်ဆုံးမှာတော့၊ တရားဝင်ဇနီး၊ ခြေမွေးမီးမလောင်လက်မွေးမီးမလောင်စည်းစိမ်ရှိရှိနေထိုင်ရသူ၊ ပြုစုစောက်ရှောက်မှုကောင်းသူ၊ ဘာမှ ထူးခြားဆန်းကြယ်သည့် ကိစ္စမဟုတ်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား