ကြည်လင်ပြတ်သားသည့် ဖြန်း! ဖြန်း! ဖြန်း! ဆိုသောအသံက တစ်သံချင်းစီ ထွက်ပေါ်လာခဲ့သဖြင့် ထိုနေရာမှာ ရှိနေသည့် သူများအားလုံး မျက်စိမျက်နှာပျက်ကုန်ကြလေသည်။ ကုထင်ရန်ပဲ လိုက်ကာမှတဆင့် ပြုံးလျက် ကြည့်နေခဲ့သည်။ ထိုအပြုံးထဲတွင်
ဂရုမစိုက်မှုများ အပြည့်ဖြစ်နေ၏။ပိုင်ရန်၏ ပါးစပ်ထဲ၌ အဝတ်စထိုးထည့်ခံထားရသဖြင့် တဝူးဝူးလို့သာ အော်နိုင်ပြီးအသနားခံတောင်းပန်သည့် စကားတောင် မပြောနိုင်ရှာပေ။
အန်းကုန်းကုန်းမှာ မြင်တော့ အသည်းနှလုံး မီးမြိုက်ခံရသလို ပူလောင်လာသည်။
"သခင်လေး ညှာတာပေးတဲ့အနေနဲ့ သခင်လေးပိုင်ကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါနော်"
ကုထင်ရန်သည် မိမိ၏ သွယ်လျဖြူဖွေးသောလက်ချောင်းလေးများကို ငုံ့ကြည့်နေပြီး ပြန်မပြောချေ။ ကျောက်ရှန့်ရှီးကကြားတော့ အန်းကုန်းကုန်းကို စူးစူးရဲရဲ တစ်ချက် စိုက်ကြည့်လာလေသည်။ ထို ပုံစံက
ကျောက်ဝမ်ယုံးနဲ့ တစ်ပုံစံတည်းဖြစ်သည်။ အန်းကုန်းကုန်းမှာ သူ့ကို မြင်တော့ ပါးစပ်ပိတ်လိုက်ရပြန်သည်။သူ့ နောက်လိုက်သည့် မိန်းမစိုးလေးက အတွင်းနန်းဆောင်ထဲသို့ ကမန်းကတန်းပြေးဝင်သွားပြီး မျက်စိရှေ့က အဖြစ်အပျက် အားလုံးကို အရှင်မင်းကြီးအား ပြောပြလိုက်သည်။ စကားဆုံးသွားတော့ ထပ်ဖြည့်ပြောလိုက်သေးသည်။
"အရှင်မင်းကြီး သခင်လေးကုက အရှင်မင်းကြီးကို မတွေ့ရမချင်း...."
ပြီးအောင်တောင်မပြောရသေးပေ။ မိန်းမစိုးလေးက ခက်ထန်စွာကြည့်နေသော အရှင်မင်းကြီးကို မြင်လိုက်ရသဖြင့် ချက်ချင်း ထိတ်လန့်မှုကြောင့် တဆတ်ဆတ်တုန်ယင်သွားခဲ့ပြီး ထပ်မပြောရဲတော့ချေ။
ကျောက်ဝမ်ယုံးက မျက်မှောင်ကို အသေကြုံထားပြီး မျက်ဝန်းထဲတွင် ရက်စက်မှုများ ကိန်းအောင်းနေလေရာ မြင်ရတဲ့လူကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေပါသည်။
ထိုမိန်းမစိုးလေးတောင် သခင်လေးကုက အရှင်မင်းကြီး၏ ဂုဏ်သိက္ခာကို ထည့်မတွက်ဘူးဟု ထင်မိလိုက်သည်။ အဆုံးမှာတော့ အရှင်မင်းကြီးကို ဒေါကန်စေမိသဖြင့်
သည်တစ်ခေါက်မှာတော့ အရှင်မင်းကြီးက ရက်ရက်စက်စက် အပြစ်ပေးတော့မည်ဟု တွက်ထားသည်။ သို့သော် ကျောက်ဝမ်ယုံးက ရုတ်တရက် အရှုံးပေးသလိုနဲ့ သက်ပြင်းချလာလေသည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား