ကုထင်ရန်၏ မျက်ဝန်းထောင့်စွန်းမှမျက်ရည် ကျဆင်းလာခဲ့သည်။ မျက်နှာက ဖြူဖျော့နေပြီး ပြိုကျလုမတတ်ဖြစ်နေလေသည်။
"ခင်ဗျားက အမြဲတမ်း အဲ့ဒီလိုပဲ"
သူက နှလုံးသားအောက်ခြေ၌ ထိန်းချုပ်ထားသော စကားကို ခက်ခက်ခဲခဲ ပြောလိုက်သည်။
ကျောက်ဝမ်ယုံး၏ မျက်နှာက ဖြူဖျော့နေပြီး မျက်မှောင်ကျုံ့ထားလျက် ကုထင်ရန်ကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ အကြည့်က စိတ်ပျက်အားလျော့နေလေသည်။ သူက မိမိချစ်ရသူကို အက်ကွဲနေသော လေသံနဲ့ ပြောလိုက်သည်။
"ကိုယ်က မင်းရဲ့ ယုံကြည်မှုနဲ့ အဲ့သလောက်တောင် မထိုက်တန်ဘူးလား"
အဘယ့်ကြောင့် ဤသို့ဖြစ်မှန်း သူနားမလည်ပေ။
ကို သူ ဖုံးကွယ်ခဲ့ပေမယ့် မိမိ၏ အသက်ကို သူတို့ရဲ့ အနာဂတ်အတွက် လောင်းကြေးထပ်ချင်ခဲ့သည်။ နတ်ဆရာတွေ တည်ရှိကြောင်း သူ ကြိုသိခဲ့ရင်တောင် သူ့အတွက် အသက်ကို စတေးချင်သည့် စိတ်က အတုအယောင်မဟုတ်ပေ။
သူက ကုထင်ရန်၏ မျက်ဝန်းအစုံကို စိုက်ကြည့်နေရင်း ခဏတာ ဇဝေဇဝါဖြစ်သွားသည်။
ဘာလို့လဲ၊ ဘာလို့ ဟာကွက် သေးသေးလေး တစ်ကွက်ကြောင့် သူ ပေးဆပ်ထားသမျှ အားလုံး အချည်းနှီး ဖြစ်သွားရတာလဲ။
ကုထင်ရန်ကတော့ အေးတိအေးစက်နဲ့ သူ့ကို ကြည့်ပြီး လှောင်ထေ့လာသည်။
"ကျောက်ဝမ်ယုံး၊ ခင်ဗျား အဲ့စကားပြောတာ ဧကန္တ ရယ်စရာကောင်းတယ်လို့ မထင်မိဘူးလား"
သူ့ကို ကြည့်ရတာ အေးစက်ခက်ထန်နေပြီး သူ့ကို ရက်စက်စွာ လှောင်ထေ့လာသည်။
"ကျောက်ဝမ်ယုံး၊ ခင်ဗျား အဲ့ဒီကိစ္စတွေ လုပ်ခဲ့ပြီး ကျွန်တော်က ငတုံးတစ်ယောက်လို ခင်ဗျား လိမ်တာခံရမယ်လို့ မျှော်လင့်နေသေးတာလား"
ကျောက်ဝမ်ယုံးသည် ကုထင်ရန်၏ တောက်ပနေသော ထိုမျက်ဝန်းအစုံက မှေးမှိန်သွားသည်ကို မြင်တော့ သူရုတ်တရက် အကြောင်းအရင်းကို စဉ်းစားမိသွားသည်။
ဟုတ်သား၊ သူ့ကို ကာကွယ်ပေးမည်ဟု သူပြောထားပေမယ့် နောက်ဆုံး မကာကွယ်ပေးခဲ့ချေ။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Ficción históricaဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား