အခန်း(၄၃) တုံ့ဆိုင်းခြင်း

5.4K 691 18
                                    

ကုထင်ရန်က ထိုပုံစံအတိုင်းဖြစ်သည်။ ကြည့်လိုက်ရင် အေးတိအေးစက် ခံစားချက်မရှိသလိုနှင့် ဘယ်သူကိုမဆို မျက်နှာသာမပေးပေ။ တကယ်တော့ အတွင်းစိတ်က အခြားသူ‌တွေထက် နူးညံ့သည်။

သူ့လက်ထဲက ထိုကောင်လေးကို သူက အားနည်းနည်းစိုက်ပြီးတောင် မကိုင်ရဲပေ။

ကုထင်ရန်က မျက်စိရှေ့က ထိုကောင်လေးကို ကြည့်ရင်း ဘာလို့လည်းမသိပေ။ ဝမ်းဗိုက်ထဲက ကလေးကို ရုတ်တရက် သတိရမိသွားသည်။

ထို ကလေးလေးက မွေးလာရင် ဤကဲ့သို့သေးသေးလေး၊ နူးနူးညံ့ညံ့လေး ဖြစ်နေပြီး ယုန်လေးလိုပဲ သူ့အား မှီခိုအားကိုးချင်နေမလားဆိုတာကို သူမတွေးမိဘဲမနေနိုင်ဖြစ်လာသည်။ ထိုအတွေးမျိုးက ကုထင်ရန်၏ နှလုံးသားကို ခဏတာ ရပ်တန့်သွားစေသည်။

ကလေးကို မွေးလိုက်ရမလားလို့ ရုတ်တရက် သူ အ‌တွေးဝင်မိသည်။ သူက ဖခင်ကောင်းလုပ်လို့ရသည်။ ကလေးကြီးပြင်းလာသည်အထိ အကာအကွယ်ပေးနိုင်သလို ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီအတတ်ပညာတွေကိုလည်း သင်ပေးမည်။ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်သည့် အသိပညာတွေကိုလည်း သင်ပေးမည်။ ဖခင်တစ်ယောက်အနေနဲ့ လုပ်နိုင်သည့် ကိစ္စရပ်တွေက အရမ်းကိုများပြားသော်လည်း သူလုပ်နိုင်သည်။

ထိုဆေးတစ်ခွက်က ဒီကလေးကို ခေါ်ဆောင်မသွားနိုင်‌ပေမယ့် ထိုကတည်းက
ကုထင်ရန်သည် ကလေးရဲ့ တည်ရှိနေမှုကိုပါ မေ့ပျောက်သွားပုံရသည်။ ကလေးကို ထိခိုက်စေမည့်ကိစ္စတွေကို ထပ်ပြီးတော့လည်း မလုပ်ခဲ့တော့ပေ။

သူ တကယ်တော့ တုံ့ဆိုင်းနေမိသည်။ သူငယ်ငယ်တုန်းက ဖခင်မရှိခဲ့လုနီးပါးပင်။ ထိုအချိန်တုန်းက အနာဂတ်မှာ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် သေချာပေါက် လုပ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

အခု သူမှာ ဤအခွင့်အရေးမျိုးတစ်ခု ရခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူစွန့်လွှတ်ခဲ့ပြီးနောက် ပိုင်ဆိုင်ခွင့်ရှိနေသေးတာဖြစ်သည်။

သူ့နှလုံးသားထဲက မျှော်လင့်ချက်တွေဟာ မီးပုံးပျံ တစ်လုံးပမာ ဖြည်းဖြည်းချင်း မြင့်တတ်သွားပြီး လျှံထွက်လာတော့မည့်အတိုင်းပင်ဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now