အပိုင်း(၉၄) ရန်ငြိုးများ၏ ဇစ်မြစ် (ဒုတိယပိုင်း)

2K 251 8
                                    

တကယ်တော့ ဤကမ္ဘာပေါ်တွင် ရုတ်တရက်ကြီး ရောက်ချလာသည့် ပြောင်းလဲမှုတော်တော်များများတွင် မပြောင်းလဲမီ ရှေ့ပြေးနိမိတ်ပြတတ်သည်။ သိပ်မသိသာလို့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျိန်းသေပေါက် ရှိသည်။

စစချင်းတွင် လျှိုအန်းက လျှိုဖင် အပေါ် သာမန်စိတ်ပူတာထက်ပိုပြီး စိတ်ပူခဲ့သည်။

ထို့နောက် လျှိုဖင်က လျှိုအန်းကို တိတ်တိတ်ကလေး ဂရုစိုက်ပေးခဲ့သည်။ လူတိုင်း၏ အမြင်မှာတော့ သူတို့က အကောင်းဆုံး ညီအစ်ကိုဖြစ်သည်။ လျှိုဖင်မှတပါး ဆရာကြီးလျှိုက သူ့ရဲ့ ချစ်မြေးလေးကို ဘယ်သူနဲ့မှ စိတ်မချပေ။

ငယ်ဘဝက ဒဏ်ရာကြောင့် လျှိုဖင်သည် စကားပြောရတာမကြိုက်ပေ။ သူက အမြဲတမ်း လျှိုအန်း နောက်မှာ တိတ်တိတ်ကလေး ရပ်နေတတ်ပြီး လုံးဝ အလျော့မပေးသည့် အနေအထားနဲ့ လျှိုအန်းရဲ့အနားမှာ စောင့်ကြပ်နေလေသည်။ သစ္စာအရှိဆုံး ကိုယ်ရံတော်တစ်ယောက်က မိမိရဲ့ ရဲတိုက်ကို စောင့်ကြပ်နေသလိုပင်။

သို့ပေမယ့်လျှိုအန်းပြောင်းလဲသွားသည်။

သူသည် ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတဲ့ကလေးကနေ ချောမောခန့်ငြားသည့် လူငယ်လေးအဖြစ် ကြီးပြင်းသွားခဲ့သည်။ ဘယ်အချိန်ကတည်းက စလဲမသိပေ။ သူ့ရဲ့ အပြုံးက တဖြေးဖြေး ပျောက်ကွယ်သွားပြီး မျက်ဝန်းထဲ ပူဆွေးသောကရောက်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။

လျှိုဖင်က အရာအားလုံး၏ ဇစ်မြစ်ကိုသိလိမ့်မည်။ သို့ပေမယ့် သူက ထိုပြဿနာကို စဉ်းစားချင်စိတ်မရှိပေ။ ဤသို့ဆိုလျှင် သူသိတော့မှမဟုတ်သလို သူတို့လည်း ထိုနိမိတ်ဆိုးကို သွားထိကြလိမ့်မည်မဟုတ်ပေ။

သို့ပေမယ့် လသာပြီး ကြယ်စုံသည့် ညတစ်တွင် ဝူးယွီအဆောင်အပြင်ဘက်က စိမ်းစိုသာယာသည့် ဝါးရုံတောအောက်တွင် ဆယ့်ငါးနှစ်အရွယ် လျှိုအန်းက ဆယ့်ခြောက်နှစ်အရွယ် လျှိုဖင်ကို နမ်းလိုက်သည်။ ဆောင်းဦးလေပြေက ရွက်ကြွေများကို သယ်ဆောင်သွားခဲ့ပြီး ဝေဝေဆာဆာပွင့်လန်းခဲ့သည့် အရိပ်လက္ခဏာများကို ချန်ရစ်ခဲ့သည်။ လျှိုအန်းက သတ္တိမရှိမှုနှင့်အတူ ပူပြင်းတောက်လောက်သည့်ထိုမျက်ဝန်းအစုံနဲ့ သူ့အား ကြည့်နေခဲ့သည်။ အမြဲတမ်း တည်ကြည်သည့် လျှိုဖင်က စိတ်ထဲ လှိုင်းလေထန်သွားလေသည်။ သူ့ရဲ့မျက်ဝန်းထဲတွင် ငြင်းဆန်မှုနှင့် ဇဝေဇဝါဖြစ်မှုများ အတိဖြစ်နေသည်။ မသိစိတ်ကနေ လျှိုအန်းကို သူတွန်းထုတ်ပြီး လှည့်တောင်မကြည့်ဘဲ ထွက်သွားလိုက်တော့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now