အပိုင်း(၄၃) ထွက်ပြေးခြင်း(ဒုတိယပိုင်း)

2.3K 296 19
                                    

ညဘက်တွင် ကျောက်ရှန့်ရှီးက ကုထင်ရန်နှင့်အတူ ညစာသုံးဆောင်လေသည်။

အစက ဝမ်ကုန်းကုန်းသည် ဘေးမှာ ခစားရန် လူအချို့ကို စီစဉ်ထားခဲ့ပေမယ့် ကုထင်ရန်က မကြိုက်သောကြောင့် အကုန်လုံးကို မောင်းထုတ်လိုက်ရသည်။

ဝမ်ကုန်းကုန်းမှာ စိတ်ညစ်သွားရလေသည်။ သခင်လေးကု၏ နံဘေးမှာ တစ်ယောက်ယောက်က သေချာပေါက် ခစားရမည်ဖြစ်ကြောင်း၊ သူ့ကို တစ်ယောက်ထဲ ထားခဲ့လို့  လုံးဝ မဖြစ်ကြောင်း အရှင်မင်းကြီးက ရှေ့ရက်ပိုင်းမှာ မှာကြားထားသေးသည်။

ဝမ်ကုန်းကုန်းမှာ အခက်တွေ့နေစဉ်မှာ
ထိုက်ကျီနန်းဆောင်မှ မိန်းမစိုးလေး
ရောက်ချလာပြီး အရှင်မင်းကြီးက သေချာခစားဖို့၊ သခင်လေးကို ဒေါသထပ်ထွက်‌အောင် မလုပ်ဖို့ မှာကြားလိုက်ကြောင်း ပြောလာသည်။

ဝမ်ကုန်းကုန်းက ပြုံးလျက် အနှီမိန်းမစိုးလေးကို လိုက်ပို့ပြီးနောက် ညစာသုံးဆောင်နေသည့် အထဲက သခင်လေးနှစ်ယောက်ကို ထပ်ပြီး ဝင်မနှောက်ယှက်တော့ချေ။

အခန်းထဲမှာ တိတ်ဆိတ်နေပြီး
ကျောက်ရှန့်ရှီး၏ ပုံစံက အရင်ကနှင့် ကွာခြားမှုမရှိပေမယ့် ကုထင်ရန်က သူ့ကို တောက်လျှောက်ကြည့်နေလေသည်။

ရှီးအာလေးက မနေနိုင်တော့သည့်အဆုံး မေးလိုက်သည်။

"ဖေဖေ သားမျက်နှာမှာ ပေနေလို့လား"

ကုထင်ရန်က သူ့ကို ပြုံးကြည့်နေလေသည်။ ထို့နောက် ရုတ်တရက် လက်ဆန့်၍ သူ့ကို ရင်ခွင်ထဲ ထည့်လိုက်ပြီး သမာန်ကာလျှံကာဖြင့် ပြောလိုက်သည်။

"မရှိပါဘူး၊ ရှီးအာလေးရဲ့ မျက်နှာက သန့်ပြန့်နေတာပဲ"

ပြောပြီး တစ်ချက် နမ်းလိုက်သေးသည်။

ကျောက်ရှန့်ရှီးက ရှက်ရှက်ဖြင့် မျက်နှာကို ပွတ်လိုက်ပြီး နားရွက်ဖျားလေးတွေတောင် နီရဲသွားလေသည်။

သည်နေ့ ဖေဖေက ထူးထူးခြားခြား ကြင်နာနေသည်ဟု ထင်မိသည်။

ကုထင်ရန်က သူ့ကို ဖက်ထားလျက် အဝေးတစ်နေရာသို့ ကြည့်ရင်း မှင်သက်နေလေသည်။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီNơi câu chuyện tồn tại. Hãy khám phá bây giờ