"မင်းပဲ မင်းပဲ ကိုယ့်ကို ချစ်တယ်ဆို...."
ကျောက်ဝမ်ယုံးက စိတ်လွတ်သွားပြီး
ကုထင်ရန်ကို အော်ဟစ်နေပေမယ့် နောက်ဆုံးကျတော့လည်း အနှီစကားတစ်ခွန်းသာ ပြောဖို့ ကျန်ရှိတော့သည်။ဂုဏ်သိက္ခာရှိသော၊ တစ်လောကလုံးကို အရေးမစိုက်သော၊ အကြောက်အလန့်မရှိသော ဧကရာဇ်အရှင်က ကုထင်ရန်၏ ရှေ့မှောက်မှာ ထိုစကားကို ပြောထွက်ဖို့ အားကုန်ထုတ်ခဲ့ရသည်။
တိုတိုတုတ်တုတ်စကားတစ်ခွန်းက
သူ့ဆီကရှိသမျှ အားအင်များကို ကုန်ခမ်းသွားစေသည်။သူက ကုထင်ရန်၏ မျက်ဝန်းကို မျှော်လင့်
တကြီးဖြင့် ကြည့်နေလေသည်။ ထိုမျက်ဝန်းအစုံထဲကနေ တစ်ခုခု မြင်ရဖို့ မျှော်လင့်နေသလိုပင်။ကုထင်ရန်၏ မျက်ဝန်းက သွေးရောင်လွှမ်းနေပေမယ့် အနှီစကားကို ကြားတော့ ကျောက်ဝမ်ယုံးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လာသည်။
"ဟားဟားဟား...."
ခဏအကြာတွင် သူက ရုတ်တရက်ကြီး ထရယ်လေသည်။ ရူးကြောင်ကြောင်နိုင်သော ရယ်သံထဲတွင် လှောင်ပြောင်မှုများကို အထင်အရှားမြင်နေရသည်။
ကုထင်ရန်က ရုတ်တရက် နောက်ဆုတ်သွားလေသည်။ ကျောက်ဝမ်ယုံးက မျက်မှောင်ကျုံ့လျက် သူ့ပုခုံးပေါ်၌ တင်ထားသည့် လက်အစုံကို လွှတ်လိုက်ပြီး ကုထင်ရန်ကို ကြည့်၍ ပြောလိုက်သည်။
"မင်း ဘာရယ်တာလဲ"
ကုထင်ရန်က အရယ်ရပ်လိုက်သည်။ ရယ်ကျဲကျဲမျက်ဝန်းထဲတွင် မျက်ရည်စအချို့ ကိန်းအောင်းနေသေးသည်။
"ခင်ဗျားကို ရယ်နေတာလေ""ခင်ဗျား တုံးအလို့ ကျွန်တော်ရယ်နေတာလေ၊ အဲ့ဒီလို ကိုးယိုးကားယားနိုင်တဲ့ အလိမ်အညာစကားကို ယုံလိမ့်မယ်လို့ မထင်ထားဘူး"
"ကျွန်တော်က ခင်ဗျားကို ချစ်မိလိမ့်မယ်လို့ ထင်နေတာလား"
ကုထင်ရန်၏ စကားအခွန်းတိုင်းက
ကျောက်ဝမ်ယုံး၏ နှလုံးသားကို ခပ်ပြင်းပြင်း ဆောင့်ထိုးနေခဲ့သည်။ သည်တစ်မိုးအောက်မှာ အမြင့်မြတ်ဆုံးသော ယောင်္ကျားကို သူက ပြုံးလျက် ကြည့်နေပေမယ့် ပါးစပ်က ပြောလိုက်သည့်စကားကတော့ တစ်လောကလုံးမှာ အရက်စက်ဆုံး စကားဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား