အပိုင်း(၂၈) ခင်ဗျားရဲ့ မိန်းကလေး လာတွေ့တယ်( ပထမပိုင်း)

2.9K 293 11
                                    

ကုထင်ရန်က ထိုနေရာတွင် အားနွဲ့သည့် မိန်းကလေးတစ်ယောက်လို တစ်ယောက်ထဲ ထိုင်နေလေသည်။ လူ့ဘောင်လောကဟာ တစ်နေ့ထက်တစ်‌နေ့ ပျက်စီးယိုယွင်းလာသလို လူတွေရဲ့ စိတ်ကလည်း ကောက်ကျစ်‌ယုတ်မာလာမှုကြောင့်
အချိန်အကြာကြီး သက်ပြင်းချနေခဲ့လေသည်။ သက်ပြင်းသံကြားသည့်
ဝမ်ကုန်းကုန်းက အသက်ပြင်းပြင်းတောင်
မရူရဲချေ။

အဆုံးမှာတော့ လက်ဖက်ရည်အိုးသေးသေးလေးထဲရှိ ရှီးဟူလုံကျန်လက်ဖက်ရည်က တစ်စက်မှမကျန် ကုန်ခမ်းသွားလေသည်။
ကုထင်ရန်က တစ်ချက်ကြည့်လိုက်ပြီးမှသာ စိမ်ပြေနပြေဖြင့် ထလာ၏။

"ရှီးအာ ကျောင်းမဆင်းသေးဘူးလား"

ဝမ်ကုန်းကုန်းက စဉ်းစားပြီးနောက် တစ်ချက် ချင့်ချိန်၍ ပြောလိုက်သည်။

"လူကြီးမင်း ကျူးကောယွီက ပြောတယ်၊ မင်းသားငယ်လေးက ဖိဖိစီးစီးမရှိလို့ မင်းသားငယ်လေးကို စာကူးရေးဖို့ အဲ့ဒီမှာ ချန်ထားခဲ့တယ်တဲ့"

ကုထင်ရန် ခေါင်းထဲတွင် ကျောက်ရှန့်ရှီး၏ ဝမ်းနည်းညိုးငယ်နေသော မျက်နှာလေးက ရုတ်တရက် ပေါ်လာသဖြင့် မျက်နှာထားက တင်းသွားလေသည်။

"ဒီလောက်ငယ်တဲ့ ကလေးကို ဘာစာကူး‌ရေးခိုင်းတာလဲ"

ဝမ်ကုန်းကုန်းက သူ့မျက်နှာထား ပျက်ယွင်းနေသည်ကို မြင်တော့ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"သုံး....သုံးလုံးဆက်ကျမ်း"

စာကူးရေးတာက ဘယ်‌နေရာမှာပဲဖြစ်ဖြစ် ကူးရေးလို့ရသည်ဟု ကုထင်ရန်က တွေးမိလိုက်တော့ ရုတ်တရက် အေးအေးလူလူ
မနေနိုင်တော့ချေ။

"သူဘယ်မှာလဲ"

ဝမ်ကုန်းကုန်းက သူဘာကြံနေလဲဆိုတာ မသိသဖြင့် အမှန်အတိုင်း ပြောပြလိုက်သည်။

"အနောက်ဘက်က အရံနန်းဆောင်ထဲမှာ"

အနောက်ဘက်အရံနန်းဆောင်သည်
ထိုက်ကျီနန်းဆောင် ဘေးက အရံနန်းဆောင်တစ်ဆောင်ဖြစ်သည်။

ကြည့်စမ်း! သူ့ခမည်းတော်၏ မျက်စိအောက်မှာ ထားပေးလိုက်သေးသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora