အပိုင်း(၅၉)ပါးရိုက်ခြင်း

2.8K 394 33
                                    

ကျောက်ရှန့်ရှီးက တစ်ချက် ခေါင်းမော့ကြည့်လိုက်လေသည်။ စိတ်ထဲရှိ ဝမ်းနည်းမှုများက တာကျိုးပြီး ထွက်လာသောကြောင့် သူက ငိုသံနဲ့ ပြောလိုက်သည်။

"ဖေဖေ"

အသံက နူးညံ့ပျော့ပြောင်းနေလေသည်။

ကုထင်ရန်က သူ့ကို ငုံ့ထူလိုက်သည်နှင့် ကျောက်ရှန့်ရှီး၏ မျက်ရည်စများကို မြင်လိုက်ရလေသည်။ ခုနတုန်းက ရှီးအာလေး၏ မျက်ဝန်းအစုံက နီရဲနေပေမယ့် သည်လို အခြေအနေမျိုးအောက်မှာ ခေါင်းမငုံချင်သောကြောင့် တစ်လျှောက်လုံး တောင့်ခံနေခဲ့သည်။

မိမိအတွက် ကျောထောက်နောက်ခံလုပ်ပေးမည့် ဖေဖေရောက်လာသောအခါ သူ့စိတ်ထဲက ဝမ်းနည်းမှုများကို မျိုသိပ်မထားနိုင်တော့ပေ။ မျက်ရည်များက တရစပ် ကျဆင်းလာ‌ တော့သည်။

ကုထင်ရန်က သူ့ကို ကြည့်နေရင်း နှလုံးသားက တဆစ်ဆစ်နဲ့ နာကျင်လာလေသည်။

အပြင်ဘက်က ရုတ်ရုတ်သဲသဲအသံများကို အထဲက ကြားမှာသေချာပါသည်။

ရုတ်ရုတ်သဲသဲဖြစ်နေသည့်ကြားထဲမှ လူတစ်ယောက်ထွက်လာလေသည်။ ထိုလူက နန်းဆောင်ဝင်းထဲရှိ အခြေအနေကို တစ်ချက် အကဲခတ်လိုက်လေသည်။ မျက်ဝန်းထဲ၌ မထီမဲ့မြင်မှုများ ဖြတ်ပြေးသွားပေမယ့် နှုတ်ခမ်းထောင့်စွန်း၌ ပြုံးပန်းဆင်လျက်
ကုထင်ရန်ကို ရိုရိုသေသေနဲ့ ဂါဝရပြုလိုက်သေးသည်။

"ကိုကို ကျန်းမာပါစ"

နှုတ်ဆက်ပြီးနောက် ကုထင်ရန် ပြောလာတဲ့အထိ မစောင့်ဘဲ ကိုယ်ဘာသာကိုယ် မတ်တပ်ရပ်လာသည်။

မျက်နှာထက်၌ မောက်မာမှုများ တစွန်းတစ ကပ်ပါနေသေးရာ ကုထင်ရန်အား ထပ်ပြောလာလေသည်။

"အရှင်မင်းကြီး ကျွန်တော့်ကို အခန်းထဲမှာ နေခိုင်းထားလို့ ကိုကိုရောက်လာတာ မသိလိုက်ဘူး၊ ကိုကို ဗွေမယူပါနဲ့"

"ပြောရရင် အရှင်မင်းကြီးကလည်း တကယ်ပါပဲ၊ အိမ်ရှေ့စံမင်းသား အမှားနည်းနည်း  လေးလုပ်မိတာကို ဒူးထောက်ခိုင်းထားတယ်၊ ကျွန်တော့်မှာ မြင်ရတာ စိတ်မကောင်းလွန်းလို့ အိမ်ရှေ့စံမင်းသားအတွက် အသနားခံပေးဖို့တွေးနေတာ၊ ကိုကိုလည်း သိပ်အလျင်လိုတာပဲနော်၊ အရှင်မင်းကြီးဆီက ခွင့်ပြုချက်မရဘဲ ဘာလို့....."

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now