"သေချာပေါက် အသုံးဝင်တာပေါ့"
ကျန်းလူရဲ့ မျက်နှာတစ်ခုလုံးက ယုံကြည်ချက်အပြည့်ဖြစ်နေ၏။ လေသံထဲမှာတောင် အောင်နိုင်သူရဲ့ ဂုဏ်ယူဝင့်ကြွားမှုများ အနည်းငယ်စွတ်နေသည်။
ကျောက်ဝမ်ယုံးက အာရုံစူးစိုက်ပြီး တချက်တွေးလိုက်၏။ သို့သော် အဲ့ဒီလိုမျိုး အတုအပများဖြင့် ဖန်တီးထားသော ပြင်ပအရာများကို သူ နားမလည်နိုင်ပေ။
သို့ပေမယ့် သူကတော့ သင်ယူဖို့ ဆုံးဖြတ်လိုက်သည်။ သူက ကျန်းလူရဲ့ အမူအရာကို တချက်ကြည့်လိုက်ပြီး ထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။"တကယ်လို့ပေါ့နော်.... ကိုယ်တော်က တကယ်လို့လို့ပြောတာနော်....."
"ပုံမှန်ချိန်မှာ၊ ပုံမှန်ချိန်တွေမှာဆို..
ကျောက်ဝမ်ယုံးက မဝံမရဲတုံ့ဆိုင်းနေပြီး အတန်ကြာသည်အထိ အဓိကအချက်ကို မပြောပေ။ ကျန်းလူက မျက်မှောင်ကြုံလိုက် ပေမယ့် သူ့ရဲ့ စကားစကို မဖြတ်ရဲပေ။
"တကယ်လို့ မင်းဇနီးစိတ်ဆိုးရင်၊ မင်းဘယ်လိုလုပ်မလဲ"
သူက အရေးကြီးကိစ္စဖြစ်မယ်လို့ ထင်နေတာဖြစ်သည်။ လက်စသတ်တော့ ဇနီးကို ချော့ဖို့ဖြစ်နေတာကိုး။
ကျန်းလူက ကိုယ့်ရဲ့ မထီမဲ့မြင်အကြည့်ကို အမှန်တကယ် မချုပ်တီးနိုင်လိုက်ချေ။ မျက်လုံးထဲမှာ စိတ်မရှည်မှုများနှင့်ပြည့်နှက်သွားသည်။
"ဇနီးကိုချော့ဖို့လား....."
ကျန်းလူက ဆုံးအောင်တောင် မပြောရသေးပေ၊ ကျောက်ဝမ်ယုံးက စိတ်တိုပြီး စာလိပ်နှင့် ကောက်ပစ်လိုက်သည်။
"ဘယ်သူက သူ့ကို ချော့မယ်လို့ပြောလို့လဲ"
"ငါ တချက် မေးကြည့်တာပါ"
သူက ကုထင်ရန်ကို ချော့ချင်လို့မဟုတ်ပေ။ ထိုသူရဲ့ တမှိုင်မှိုင်တထွေထွေဖြစ်နေသည့်ပုံစံကို မြင်ရတာ အဆင်မပြေပေ။ ယောင်္ကျားတစ်ယောက်က နေ့တိုင်း နွေဦးမှာဝမ်းနည်း ဆောင်းဦးမှာမှိုင်တွေနေသလိုဖြစ်နေတော့ မြင်ရတာစိတ်မချမ်းသာပေ။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
ကျန်းလူက စကားအသုံးအနှုန်းကို တချက် သတိထားလိုက်သည်။ ဧကရာဇ်အရှင်၏ ကိုယ့်သိက္ခာကိုယ်စောင့်ထိန်းနေသောစိတ်ကို သွားစိန်ခေါ်မနေတော့ချေ။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Ficción históricaဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား