အခန်း(၄၀) ဖုံးကွယ်ထားသော (ဒုတိယပိုင်း)

6K 705 16
                                    

ကုထင်ရန်၏ ရုတ်ချည်းပြောင်းလဲသွားသည့် မျက်နှာကို ကျောက်ဝမ်ယုံးက‌တော့ လုံးဝ သတိမထားမိဘဲ ကိုယ်အတွေးနဲ့ကိုယ် ကြည်နူးနေလေသည်။

"မင်းသာမွေးနိုင်ရင် ကိုယ်တော့်မှာ အစောကြီးကတည်းက သားတွေသမီးတွေ တစ်ပြုံကြီးဖြစ်နေလောက်ပြီ"

ကျောက်ဝမ်ယုံး၏ မျက်ဝန်းတွေက အနည်းငယ် ရီဝေနေပြီး ဤသို့ မဖြစ်နိုင်သော၊ ယုတ္တိမရှိ‌နိုင်သော အတွေးကို တကယ်ကြီး စိတ်ကူးယာဉ်နေသည့်ပုံပေါက်သည်။

ကုထင်ရန်က ရုတ်တရက် သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး ဖြူစုတ်နေသည့် မျက်နှာအရောင်က လရောင်အောက်မှာ ပိုပြီးမြင်သာနေသဖြင့် အကြောင်းအရင်းမရှိဘဲ
ကျောက်ဝမ်ယုံးကို စိတ်အနှောက်အယှက်ဖြစ်စေ၏။

"အရှင် ကျွန်တော့်ကိုတော်ရုံပဲ အရှက်ခွဲပါ"

ကုထင်ရန်၏ လေသံထဲမှာ စိတ်ဆိုးမာန်ဆိုးဖြစ်မှုတွေ ကိန်းအောင်းနေပြီး ဒီရက်ပိုင်းမှာလို နာခံမှု‌များ လုံးဝမရှိတော့ပေ။

ကျောက်ဝမ်ယုံးသည် တွန်းထုတ်ခံလိုက်သည့်အချိန်မှာ မျက်နှာက အနည်းငယ် ကြည့်ရဆိုးသွားပြီး ကုထင်ရန်ဆီက စကားထွက်ကျလာသည်နှင့် သူ့မျက်နှာက ပိုပြီး မဲမှောင်သွားသည်။

သို့ပေမယ့် ကုထင်ရန်၏ ဖြူကောင်လေးလိုပုံစံက သူ့အား ဟုတ်နေတယ်လို့ ရုတ်တရက် ခံစားမိစေသည်။ ဘာလို့လည်းမသိပေ
ကုထင်ရန်က ထိုသို့ ဖြစ်နေလောက်မယ်ဆိုသည့် အသံက နှလုံးသားထဲက‌နေ အဆက်မပြတ် သူ့ကိုပြောနေသည်။

အရင်ကလို နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းကာ အလိုလိုက်လျောမှုများအားလုံးက ဒီလူကိုယ်‌ပေါ်မှာ ပေါ်မလာသင့်ပေ။
ကုထင်ရန်က မာနကြီးကာ ခေါင်းမာပြီး အလိုလိုက်ခံ‌ရသည့် သခင်လေးတစ်ယောက် ဖြစ်လာသင့်ပေသည်။

ထိုအတွေးက ရုတ်တရက် ကျောက်ဝမ်ယုံးအား  ကုထင်ရန်က သူ့အကြိုက်လိုက်ပေးနေသလို ခံစားသွားမိသည်။ သူ့နှလုံးသားထဲက မကျေမနပ်ဖြစ်မှုကို သည်းခံလိုက်ပြီး စပ်ဖြီးဖြီး မျက်နှာထားပြောင်းလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWo Geschichten leben. Entdecke jetzt