အပိုင်း(၇၇) ကိုယ်အရမ်းကြောက်တယ်

2.5K 360 39
                                    

ကုထင်ရန်က မကြုံစဖူး သူ့ကို နေစေပြီး ညစာအတူသုံးဆောင်ခဲ့သည်။
ကျောက်ဝမ်ယုံးသည် သူအရင်က ထိုင်နေကျ နေရာမှာ ထိုင်ချလိုက်သည့်အချိန်တွင် မထင်မှတ်ဘဲ မျက်ဝန်းထဲ၌ အနည်းငယ် စူးရှရှဖြစ်သွားသည်။

သူက စားပွဲထက်ရှိ ဟင်းလျာများကို ကြည့်ရင်း ကြက်သေသေနေပြီး အတန်ကြာသည်အထိ တူကို မထိပေ။

"ခမည်းတော်၊ စားလေ"

ရုတ်တရက် ကျောက်ရှန့်ရှီးက  ခရမ်းသီးတစ်ဖတ်ညှပ်၍ ကျောက်ဝမ်ယုံး၏ ပန်းကန်လုံးထဲ ထည့်ပေးလာသည်။ 

ကျောက်ဝမ်ယုံးက ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်သည်နှင့် ကျောက်ရှန့်ရှီး၏ မျက်နှာလေးကို ရုတ်ချည်း မြင်လိုက်ရသည်။

သူ့သားလေးက ကြည့်ရတာ အင်မတန် ပျော်နေပုံရသည်။

ကုထင်ရန်၏ လက်က  ကျောက်ရှန့်ရှီး၏ ခေါင်းပေါ် ရောက်သွားပြီး အကြည့်တွေက နူးညံ့သိမ်မွေ့နေလေသည်။

"ငါသိပြီ"

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို မမှိတ်မသုန် စိုက်ကြည့်နေပေမယ့် ပါးစပ်က ပြောလိုက်သည့် စကားက အပေါက်အလမ်းမတည့်ပေ။ နားထောင်ကြည့်ရသလောက် ဖြေကိုဖြေရမည်ဟု တစ်စုံတစ်ယောက်ဆီက တောင်းဆိုခံနေရသလိုပင်။

တကယ်တော့ သူ့စိတ်ထဲတွင် ပန်းတွေဖူးဖွင့်နေခဲ့တာကြာပြီဖြစ်သည်။

"ခမည်းတော်၊ ဒီနေ့ ခမည်းတော် သားကို ပုံပြင်ပြောပြ"

ကျောက်ရှန့်ရှီးက ထမင်း ငုံ့စားနေရင်း ပြောလိုက်သည်။

သူ့ဖေဖေက ညတိုင်း သူ့ကို ရှင်ဘုရင်များ၊ အိမ်ရှေ့စံများ၏ ပုံပြင်ကို ပြောပြတတ်သည်။ ထိုစာအုပ်ထဲရှိ ပျင်းစရာအကြောင်းအရာများက သူ့ဖေဖေ၏ ပါးစပ်ထဲရောက်တော့ စပြီး  စိတ်ဝင်စားစရာကောင်းသွားလေသည်။ အချိန်တော်တော်ကြာ နားထောင်ခဲ့သည့်‌ ကျောက်ရှန့်ရှီးတောင် အရမ်း စိတ်ဝင်စားရာကောင်းသည်ဟု ထင် နေမိတုန်းဖြစ်သည်။

ပြီးသွားသည့်အချိန်တိုင်း ဖေဖေက သူ့ကို သဘောတရားအချို့ ပြောပြတတ်သေးသည်။ တစ်ချို့က နိုင်ငံရေးအကြောင်းတွေဖြစ်ပြီး တစ်ချို့က စီမံခန့်ခွဲရေးအကြောင်းတွေဖြစ်သည်။ သူ သိပ်နားမလည်ပေမယ့် ဖေဖေ ပြောပြသည့်စကားများကို စိတ်ထဲ
စွဲစွဲမြဲမြဲ မှတ်ထားလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now