အခန်း(၅၆) ကြင်ယာတော်မု

6.5K 774 52
                                    

ကျောက်ဝမ်ယုံး၏ မျက်ဝန်းတွေက အမှောင်ဖုံးနေသော်လည်း ဒေါသထွက်လျက်ပင် ရယ်လိုက်သည်။

"မင်းက တစ်ဆင့်ပြီး တစ်ဆင့် အကုန် အကွက်ချထားတာပဲ!"

သူက အံတကြိတ်ကြိတ်ဖြင့် ပြောနေပေမယ့် နှလုံးသားထဲမှာတော့ အမည်မသိနိုင်သည့် ထိတ်လန့်မှုမျိုး ရှိနေပြီး ထိန်းချုပ်လို့မရနိုင်သည့် ခံစားချက်မျိုး ထပ်ပေါ်လာပြန်သည်။

မနေ့က စတင်သည့်ပုံရသည်။ ကိစ္စတွေအားလုံးက ဇာတ်ကြိုးလွတ်သွားသည့် မြင်းရိုင်းလို ဦးတည်ရာမရှိသည့်ဘက်သို့ မျက်နှာမူလျက် ပြေးထွက်သွားသည်။

သို့ပေမယ့် သူမတားဆီးနိုင်လိုက်ပေ။

သူက မှားနေပြီဟု သိသိသာသာခံစားရသော်လည်း၊ ဒီကိစ္စက အခုဆို မပြီးနိုင်သည့် အခြေအနေသို့ ရောက်သွားပြီဆိုတာကို သူသိသိသာသာ ခံစားမိသော်လည်း သူ
မတားဆီးနိုင်လိုက်ပေ။ သူက မိုးမြေတခွင်ကို ပိုင်ဆိုင်ပြီး ဩဇာအာဏာကြီးရင်တောင် တားဆီးလို့မရလိုက်ပေ။

ကုထင်ရန်က တကယ်ပဲ ဘာဖြစ်ချင်မှန်း သူမသိပေ။

ကုထင်ရန်က ပိုလို့ပင် ပျော်ရွင်စွာ ပြုံးလိုက်သည်။ ထိုအပြုံးထဲမှာ ဝမ်းနည်းမှုများ ကိန်းအောင်းနေခဲ့သည်။ တစ်စုံတစ်ယောက်က မြင်ခဲ့သည်ရှိသော် အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းမှုကို ခံစားရစေသည်။

ကုထင်ရန် ပြောလိုက်သည့် စကားကို ကြားလိုက်သည်။

"မဟုတ်ရင်ရော၊ ကျွန်တော်က အရှင်စီစဉ်တာကို စောင့်နေရမှာလား"

ကုထင်ရန်၏ မျက်ဝန်းထဲ၌ ဝမ်းနည်းမှုတများပြည့်နှက်နေသည်။ ကြိုးစားပြီး ရုန်းကန်နေသော်လည်း ဝဲဂယက်ထဲက မလွှတ်မြောက်နိုင်သည့် အကျဉ်းသားနှင့်တူနေသည်။

"အရှင်က ကျွန်တော်ကလေးကို သူများဆီပေးလိုက်မှာကို စောင့်နေရမှာလား"

သူ့ အသံက ခုနတုန်းကလို ဝမ်းနည်ဖွယ်ကြေကွဲဖွယ်အတိဖြစ်နေသဖြင့်
ကျောက်ဝမ်ယုံး၏ နှလုံးသားထဲရှိ တစ်နေရာကပါ လိုက်ပြီး နာကျင်မှု ခပ်ရေးရေးလေး ခံစားမိလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now