အပိုင်း(၉၅)လည်ပင်းကြောကိုလှီးဖြတ်၍မိမိကိုယ်မိမိအဆုံးစီရင်လိုက်ခြင်း(ဒုတိယ)

6.3K 557 39
                                    

ကုထင်ရန်၏ မျက်ဝန်းက သွေးရောင်လွှမ်းသွားလေသည်။ ကျောက်ဝမ်ယုံးလည်း မူလနေရာမှာ မလှုပ်မယှက် တောင့်တောင့်ကြီးဖြစ်သွားသည်။

လူများအားလုံးသည် မျက်စိရှေ့ရှိ အဖြစ်အပျက်ကြောင့် တုန်လှုပ်သွားပြီး စကားတစ်ခွန်းမှတောင် မပြောရဲတော့ဘဲ ဟေမာန်ဆောင်းမှ ပုဇဉ်းရင်ကွဲပမာ ခပ်မဆိတ်သွားကြလေသည်။

ရုတ်တရက် ကုထင်ရန်က သခင်မကြီးကုထံ ပြေးဝင်သွားပြီး လက်တွေတောင် တုန်ယင်နေသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက တကယ်မဟုတ်ဘူး! ဒါက မဟုတ်ဘူး"

"ဒီလိုမဖြစ်သင့်ဘူး....."

သူ့ စကားတွေက အနည်းငယ် ရှေ့နောက်မညီဖြစ်နေကာ မျှော်လင့်ချက်ပျက်သုဉ်းမှုကြောင့် မျက်ရည်များက ကျဆင်းလို့လာလေသည်။

သူ့ရဲ့ မျက်ရည်ပေါက်ကြီးများက မြေပြင်ထက်သို့ ကျဆင်းလာသဖြင့် မျက်စိစပါးမွေးစူးစရာကောင်းသည့် ထိုသွေးများက ရေရောသွားလေသည်။

ထိုသွေးများက ဒလဟော စီးကျလို့နေပြီး
လူတစ်ယောက်၏ အသက်ကို ရုတ်ချည်း ယူဆောင်သွားတော့မည်ဖြစ်သည်။

ကုထင်ရန်က နည်းနည်းလေးတောင် မခံစားမိချေ။ ရုတ်တရက် သူက ခပ်တုံးတုံး စကားတစ်ခွန်းကို ရှိုက်ကြီးတငင်ဖြစ်လျက် ပြောလိုက်သည်။

"အမေက ဘာလို့ သွေးထွက်နေသေးတာလဲ"

တကယ်ကြီး နားမလည်သလိုပင်။

ထိုစကားထဲတွင် အလိုမကျမှုများဖြင့်ပြည့်နှက်နေပြီး လိုချင်သော ကစားစရာကို မရ
သဖြင့် တစ်ယောက်တည်း ဂျီကျနေ
သည့် ကလေးတစ်ယောက်နှင့်တူနေသည်။

သူ့ကို ကြည့်ရတာ ထိုကဲ့သို့ ထိလွယ်ရှလွယ်ပြီး ကြောက်စရာကောင်းသည့်ပုံပေါ်သည်။

သို့ပေမယ့် သူက အစွမ်းကုန်အားစိုက်ထုတ်၍ သခင်မကြီးကု၏ လည်ပင်းထက်က ထင်ထင်ရှားရှားမြင်လွယ်သည့် ထိုဒဏ်ရာကို ပိတ်ဆို့လိုက်တာတောင် စီးကျနေသည့် သွေးများကို မရပ်တန့်နိုင်ချေ။

သူငိုတာ ပို၍ ကျယ်လောင်လာလေသည်။

ကျောက်ဝမ်ယုံးက သူ့အနား တိတ်တဆိတ် ချဉ်းကပ်သွားပြီး နည်းနည်းလောက် နှစ်သိမ့်ပေးချင်သဖြင့် သူ့ပုခုံးကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ ကုထင်ရန်က သူ့ကို တွန်းထုတ်ခြင်းမရှိချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now