အပိုင်း(၈၁) လက်ဆောင်ကြီး

2.5K 349 9
                                    

မြောက်ပိုင်း၊ လော့ရစ်မြို့။

"ခေါင်းဆောင်ကြီး"

မျက်နှာအုပ်ထားသည့် သူလျှိုက လက်ထဲက စာကို တရိုတသေနဲ့ မောက်သွမ်းရှေ့သို့ ကမ်းပေးလိုက်သည်။ ပါးလွှာသည့် ထိုစာရွက်ပေါ်၌ ရှေးကျသော တရုတ်စာလုံးများ ရေးသားထားသည်။ မောက်သွမ်းသိသည့် လူတွေထဲတွင် ဤ စာလုံးကို ရေးတတ်သည့်သူ တစ်ယောက်သာရှိသည်။

"အားလုံး အဆင်ပြေတယ်"

အဝါရောင်စာရွက်ပေါ်၌ ရိုးရှင်းလှသော ၎င်းစာတစ်ကြောင်းကိုသာ ရေးသားထားခဲ့သည်။

"သူရော"

မောက်သွမ်းက လက်သီးကို မဆိုစလောက်လေး ဆုပ်ပြီးနောက် ကြမ်းပြင်ထက်၌ ဒူးထောက်နေသည့် လက်အောက်ငယ်သားကို ဩရှရှလေသံနဲ့ မေးလိုက်သည်။

"ခေါင်းဆောင်ကြီးကို ပြန်လည်ဖြေကြားပါတယ်၊ ကျွန်တော်တို့လူ သူနဲ့ စကားပြောခဲ့ပါတယ်၊ ဒါပေမယ့် သူ ကျွန်တော်တို့နဲ့အတူ ပြန်မလိုက်ပါဘူး"

ထိုလူက ခေါင်းငုံ့ထားရင်း တစ်လုံးချင်းတစ်ခွန်းချင်း ပြောလိုက်သည်။ မောက်သွမ်း၏ မျက်နှာက တမဟုတ်ချည်း ပျက်ယွင်းသွားသည်။ ထိုလူက တစ်ချက် စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမယ့် လူကြီးမင်းချန် နန်းတော်ထဲမှာ အရမ်း အလေးပေးခံရတော့ သံသယဝင်
ကြမှာ မဟုတ်လောက်ပါဘူး"

ထိုလူ့ စကားဆုံးသည်နှင့် မောက်သွမ်း၏ မျက်နှာက ပိုပြီး ဖြူဖျော့သွားသည်။

"မင်း အရင်ထွက်သွားနှင့်"

သူ အကြာကြီး နှုတ်ဆိတ်နေပြီးမှသာ နှလုံးသားထဲက ကြောက်စိတ်ကို ဖိနှိပ်နိုင်သွားခဲ့ပြီး လက်အောက်ငယ်သားကို တိုးတိုးလေး အမိန့်ပေးလိုက်သည်။

ခဏကြာတော့ အခန်းထဲ၌ သူတစ်ယောက်ထဲသာ ကျန်ရှိတော့သည်။ တိတ်ဆိတ်ခြောက်ကပ်နေသော အခန်းက လူကို မသက်မသာဖြစ်စေပါသည်။

မောက်သွမ်းသည် သူကြိုးစားပမ်းစား အရယူထားသည့် ခေါင်းဆောင်ထိုင်ခုံထက်မှာ ထိုင်နေရင်း စိတ်ထဲ ဗလောင်ဆူနေလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now