အပိုင်း (၁၉) နန်းတော်သို့ ပြန်ခြင်း

2.3K 272 6
                                    

စာအုပ်ထဲမှာ ပြောကြသည်။ ယောင်္ကျားတစ်ယောက်၏ တာဝန်ဝတ္တရားက ကိုယ့်တိုင်းပြည်ကိုယ့်ရပ်ရွာကို ကာကွယ်ရမည်။ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုရှိရမည်။ ထို့အပြင် ဘာမထီရဲဇာနည်ပီသသည့် ယောင်္ကျားကောင်းတစ်ဦးလည်း ဖြစ်သင့်ပေသည်။ မိဘကိုသိတတ်ရမည်ဖြစ်သလို ဇနီးမယားသားသမီးများကိုလည်း ကြင်နာရမည်။ မိသားစုကို တာဝန်ယူနိုင်သည့် အိမ်ထောင်ဦးစီးတစ်ယောက် လုပ်ရမည်။

သို့ပေမယ့် ကုထင်ရန်က ကျောက်ဝမ်ယုံး၏ ဘေးတိုက်မျက်နှာကို မြင်တော့ စိတ်ထဲမှာ မတွေးမိဘဲမနေနိုင်။ ဒီလူနောက်လိုက်ရင် ယောင်္ကျားလေးတစ်ယောက်အဖြစ် မော်ကြွားဂုဏ်ယူရမည့် အရာအားလုံးကို အမှန်ပင် အပြီးအပိုင် ဆုံးရှုံးသွားမည်ဖြစ်သည်။

ညီလာခံခန်းမမှာ သူ့ စွမ်းဆောင်ရည်ကို မပြသနိုင်တော့သလို အရပ်မျက်နှာအနှံကို လွတ်လွတ်လပ်လပ် လှည့်လည်မသွားလာနိုင်တော့ချေ။ ဂုဏ်သိက္ခာရှိသော ယောင်္ကျားတစ်ယောက် ဖြစ်မလာနိုင်တော့ပြီ။

ကျောက်ဝမ်ယုံးက အိပ်ပျော်နေပြီဖြစ်သည်။ သူက သွေးအများအပြား ဆုံးရှုံးထားပြီး ခုနကလည်း မနည်းအားစိုက်၍ အာရုံစုစည်းထားခဲ့တာဖြစ်သည်။ ကုထင်ရန်ဆီက ရုတ်တရက်ဆန်သည့် သဘောထားကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားပြန်သလို ခုနက ပြောခဲ့သည့် စကားတွေများကြောင့် သူ့ရဲ့ အားအင်းတွေက ကုန်ခမ်းသွားပြီဟု ယူဆလို့ရသည်။

သူက စိတ်လှုပ်ရှားမှုများကို လွှတ်ထုတ်ပြီးနောက် သိပ်မကြာခင်မှာ ကုထင်ရန်ကို ဖက်လျက် အိပ်မက်ကမ္ဘာထဲ မျောပါသွားလေသည်။ ကုထင်ရန်သည် သူ့ဆီက အဖက်ခံထားရပေမယ့် စိတ်ထဲမှာ မငြိမ်မသက်ဖြစ်နေသေးသဖြင့် အိပ်လို့လည်း မပျော်ချေ။

သူက ကျောက်ဝမ်ယုံး၏ ရင်ခွင်ထဲမှာ ချုပ်နှောင်ခံထားရသဖြင့် တကယ့်ကို သက်တောင့်သက်တာမဖြစ်လှ။ သို့ပေမယ့် ကျောက်ဝမ်ယုံး၏ နောက်ကျောဘက်က ဒဏ်ရာကို တွေးမိလိုက်သည်နှင့်
ကုထင်ရန်၏ စိတ်ထဲမှာ အလွန်အမင်း စိုးရိမ်သွားလေသည်။ ထို့အကြောင်းကြောင့် သူက ဒီအနေအထားအတိုင်းနေနေပြီး တစ်စက်မှ မလှုပ်ရဲတော့တာဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီOù les histoires vivent. Découvrez maintenant