အပိုင်း(၁၁) စာရင်းရှင်းခြင်း

2.9K 365 15
                                    

ကုထင်ရန်၏ နေ့ရက်များက ဇိမ်ကျနေလေသည်။ အချိန်တွေကလည်း ကုန်တာ မြန်ဆန်လွန်းလှပါသည်။ မျက်စိတစ်မှိတ်အတွင်းတွင် လတစ်ဝက် ကုန်ဆုံးသွားခဲ့လေပြီ။
ကျောက်ဝမ်ယုံး၏ အပြောများကို သူ အနည်းငယ် ယုံကြည်ပေမယ့် စိတ်ထဲက
ခုနေမှုကို အမြဲတမ်း ‌မကျော်လွှားနိုင်။ နှစ်ယောက်သား တစ်ကုတင်တည်းမှာ အတူတူ လတစ်ဝက်လောက် အိပ်ခဲ့ကြပေမယ့်လည်း စောင်ခြုံ၍ ရိုးရိုးသားသား စကားပြောခဲ့ကြတာသာဖြစ်သည်။

ပြောရရင် အဓိကကျသည့် တိုးတတ်မှု တစ်စုံတစ်ရာမှ လုံးဝ မရှိချေ။

သို့ပေမယ့် အခြားသောအရာတွေကတော့
အရင်ကနှင့်မတူဘဲ ပြောင်းလဲသွားလေသည်။ ကျောက်ရှန့်ရှီး အသေးလေးတောင် သူတို့ကို ကြည့်သည့် မျက်လုံးတွေက ပိုပိုပြီး မူမမှန်ဖြစ်လာသည်။

တစ်နေ့ ကျောက်ဝမ်ယုံးမရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ကျောက်ရှန့်ရှီးက တိတ်တဆိတ် ကုထင်ရန် အနားပြေးလာပြီး သူ့နားရွက်နားကပ်၍ ပြောလိုက်လေသည်။

"ဖေဖေ ခမည်းတော်ကို တစ်ချိန်လုံး စိုက်ကြည့်မနေပါနဲ့"

သူက အသံကို တိုးထားပေမယ့် ကျီဆယ်လိုသော မျက်နှာထားဖြစ်နေဆဲဖြစ်ရာ ရယ်နေသဖြင့် မျက်လုံးတောင် ကွေးတတ်နေလေသည်။

ကုထင်ရန်က ချက်ချင်း ရှက်ရွံမှုကြောင့် မျက်နှာနီရဲသွားခဲ့ပြီး ရှီးအာလေးကို ရိုက်ပုတ်လိုက်လေသည်။

"ဒီကောင်စုတ်လေးကတော့! ဘာတွေလျှောက်ပြောနေတာလဲ"

ရှီးအာလေးသည် ဒီနှစ်တွေမှာ ခမည်းတော်၏ ရှေ့မှောက်၌ လူကြီးလေးတစ်ယောက်လို အကြာကြီး ထိန်းထားခဲ့ရလို့ဖြစ်လောက်မည်။ အခု ကုထင်ရန်ရှိလာတော့ ကျောက်ဝမ်ယုံးလည်း ပုံမှန်ပြန်ဖြစ်သွားပြီး တစ်လျှောက်လုံး ရုပ်တည်ကြီးဖြစ်မနေတော့ချေ။ လူကြီးတွေက ပုံမှန်ပြန်ဖြစ်သွားတော့ ရှီးအာလေးလည်း ကလေးငယ်လေးမှာ ရှိသင့်သည့် တတ်ကြွသွက်လက်မှုများ များပြားလာခဲ့သည်။

သူက ကုထင်ရန်၏ နားရွက်နားကပ်၍ ပြောပြီးသည်နှင့် ချက်ချင်း ခုန်ပေါက်ပြေးသွားလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now