အခန်း(၁၂) ပထမဆုံးတွေ့ဆုံခြင်း

7.9K 862 50
                                    

ရှုရွေ့က ဘေးဘက်မှာ ဒူးထောက်နေကာ စကားပြန်မပြောရဲပေ။

အရှင်မင်းကြီးက စာဖတ်ခန်းထဲမှာ ရှိနေတော့ ဘယ်သူက သွားပြီးနှောက်ယှက်ရဲမည်နည်း။ ထို့အပြင် သခင်လေးက ညနေဘက်မှာ အနားယူ‌နေတော့ သူလည်း သွားမနှောက်ယှက်ရဲပေ။

တော်ပါသေးသည်။ သမားတော်လီ၏ ထပ်တလဲလဲမှာကြားချက်တွေက ပြောမပြီးသေးသဖြင့် ရှုရွေ့ကို ဘေးကျပ်နံကျပ်ဖြစ်ခြင်းမှ ခတ္တလွှတ်ငြိမ်းခွင့်ပေးထားသည်။

"သခင်လေးက ဒီရက်ပိုင်းမှာ ဆီပါတာတွေကို ရှောင်ရမယ်၊ ပိုကောင်းအောင်ဂရုစိုက်ပေးပါ"

ဆီပါတာတွေ ရှောင်ရမယ်ဆိုတဲ့ စကားက ကျောက်ဝမ်ယုံး၏ အတွေးကို ခပ်ဖြေးဖြေးလေး တီးခေါက်လိုက်သည်။ ထိုအဆီဝေ့နေသည့် ဂျင်းဆင်းပြုတ်တစ်ပန်းကန်ကို သူရုတ်တရက်သတိရသွားသည်။

"အဲ့ဒါဆို သူဘာလို့ ကိုယ်တော်ကို မပြောတာလဲ"

ကျောက်ဝမ်ယုံး၏ အသံက အနည်းငယ် ဝမ်းနည်းညှိုးငယ်မှု‌တွေပါဝင်သည်။ အထက်စီး၌သာနေပြီး ဩဇာအရှိန်အဝါနှင့်  ဂုဏ်သိက္ခာရှိသည့်  ဧကရာဇ်က တဒင်္ဂအတွင်း တွေဝေမှုနှင့် ပျော့ညံ့မှုများဖြစ်ပေါ်လာသည်။

သေချာပေါက် ကိုယ်ကမင်းကို အတင်း အကြပ်သောက်ခိုင်းချင်တာမဟုတ်ပါဘူး။ ကိုယ်က မင်းကို ကောင်းစေချင်လို့ပါ။မင်းက ဘာလို့ ကိုယ်ကို မပြောပြရသနည်း။

ကျောက်ဝမ်ယုံးက မှိန်ဖျော့နေသည့် မီးရောင်မှတဆင့် ကုထင်ရန်၏ ဖြူဖျော့နေသော ဘေးတိုက်မျက်နှာကို ကြည့်နေလေသည်။
စတွေ့သည့် အချိန်တုန်းကထက် သူက ပို၍ ပိန်သွားသလို မျက်နှာကလည်း ပိုပြီး ချောင်ကျသွားသည်။ ဒီအသက်အရွယ်နှင့်
မလိုက်ဖက်သည့် အားနည်းချည်နှဲ့သော အသွင်အပြင်ဖြစ်နေလေသည်။

သူက အသက်နှစ်ဆယ်တောင်မပြည့်သေးပေ။ ထိုအသက်အရွယ်က အချစ်ခံရသည့် အရွယ်ဖြစ်သင့်‌ပေသည်။ ဒါပေမယ့် အခုတော့၊ ထိုနေရာမှာ လဲလျောင်းရင်း သူနှင့်မထိုက်တန်သည့် ဆင်းရဲဒုက္ခတွေ ခံစားနေရရှာသည်။

ကျောက်ဝမ်ယုံးက သူ့နှလုံးသားထဲတွင် အနည်းငယ် မွန်းကြပ်လာသလို ခံစားမိလိုက်သည်။ နာကျင်သလိုမျိုးနှင့် ရှုပ်ထွေးလွန်းလှသည်။ ဒေါသကြောင့်ဖြစ်လာတယ်လို့သာ သဘောပေါက်လိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora