အခန်း(၅၂) အပေးအယူ

5.6K 697 22
                                    

ကုထင်ရန်သည် စာကိုယူလိုက်ကာ အနည်းအကျဉ်းတစ်ချက်ဖတ်လိုက်သည်။ ပြုံးနေသည့် နှုတ်ခမ်းထောင့်စွန်းက
တဖြေးဖြေးချင်း ကော့တတ်လာသဖြင့် အူလှိုက်သည်းလှိုက် ကျေနပ်ပီတိဖြစ်နေပုံရသည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး စာကို ဖယောင်းတိုင်မီးဖြင့် ထိတွေ့လိုက်သည်။ စာရွက်ခြောက်သည် ထိလိုက်သည်နှင့် ချက်ချင်းလောင်ကျွမ်းသွားပြီး တခဏအတွင်း ပြာကျသွားသည်။ မှိန်ဖျော့ဖျော့ မီးရောင်က သူ၏ မျက်ဝန်းထဲ ထင်ဟပ်နေသဖြင့် မျက်ဝန်းတွေက လင်းလက်တောက်ပနေသည်။

ဘယ်သူမှမသိသည့် ကိစ္စတစ်ခုရှိသည်။

လက်ရှိမျိုးဆက် ဟွိုင်ယန်ရှောင်းမိသားစု၏ အကြီးအကဲဖြစ်သူ ရှောင်းဖင်သည်  အနာဂတ်ဧကရီ ရှောင်းတန်းယွင်၏ ဖခင်လည်းဖြစ်သလို အရင်က ကုထင်ရန်၏ ဆရာလည်းဖြစ်သည်။

ထိုနှစ်တုန်းက ကုမိသားစုသည် ယုတ္တိမရှိ လျှောက်ပြောနေသည့် လူပေါင်းများစွာ၏ ပါးစပ်ကို ပိတ်ဖို့အတွက် ကုထင်ရန်အား
စုန်းရှန်းကျောင်းတော်သို့ ပို့ခဲ့သည်။

ထိုနေရာက နန်းမြို့တော်ရှိ ဩဇာအာဏာကြီးသည့် အရာရှိများနှင့် ဝေးကွာသော နေရာတစ်နေရာဖြစ်သလို နာမည်မရှိသည့် ကျောင်းတော်လည်းဖြစ်သည်။ ထိုအချိန်တုန်းက ကုမိသားစုအတွက်တော့ အတော်လေး သင့်တော်သည့် နေရာတစ်ခုဖြစ်ခဲ့သည်။

တိုက်ဆိုင်မှုက ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သူနှင့် ရှောင်းဖင်က အတန်းဖော်သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ ထက်မြက်ပြီး အသိပညာကြွယ်ဝသည့် လူကြီးမင်းရှောင်းအား ကျောင်းတော်သို့လာရောက်ပြီး  တစ်နှစ်လောက် ဆရာအဖြစ် တာဝန်ထမ်းဆောင်ရန် အထူးတလည် ဖိတ်ခေါ်ခဲ့သည်။ 

ဆရာလို့သာပြောတာ တကယ်တော့ ဘယ်အတန်းကိုမှ မသင်ခဲ့ဖူးပေ။ ခိုင်းနှိုင်းပြရရင် အပျော်လာကစားတာနှင့် ပိုတူနေသည်။

ထိုကြောင့် ဒီအကြောင်းကိုလည်း လူတော်တော်များများ မသိကြပေ။

ထိုအချိန်တုန်းက ကုထင်ရန်ကို လက်ဖျားခါလောက်အောင် ထူးချွန်ပြောင်မြောက်တယ်လို့ပြောရင် ဒါဟာ အလွန်အမင်းချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ ထို့အပြင် သူ့မှာ
ကုမိသားစု၏ အမျိုးမျိုးသော ကန့်သတ်ချုပ်ချယ်မှုတွေ မရှိသဖြင့် စိတ်ထဲ၌ ကိန်းအောင်းနေသည့် မောက်မာမှုများက ဖုံးကွယ်လို့တောင်မရနိုင်ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now