အပိုင်း(၂)နိုးလာခြင်း

4.9K 578 22
                                    

၎င်းစကားကို ကျောက်ဝမ်ယုံးသည် သုံးနှစ်တာကာလအတွင်းမှာ အခေါက်ပေါင်းများစွာ ပြောခဲ့လေသည်။ သူက ကုထင်ရန်ကို ခြိမ်းခြောက်ဖူးခဲ့သလို တောင်းပန်တိုးလျှိုးခဲ့ဖူးပါသည်။ သို့ပေမယ့် ကုထင်ရန်က လုံးဝ နားမဝင်ချေ။ တောက်လျှောက် မျက်လုံး မှိတ်ထားပြီး အပြင်လောက၌ ဖြစ်ပျက်သမျှ အရာအားလုံးကို ဘာဆိုဘာမှ မသိချေ။

ကုထင်ရန် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်ကို လွန်ခဲ့သည့် တစ်နှစ်လောက်ကတည်းက ဖယ်ရှားပြီးပြီဖြစ်သဖြင့် နိုးလာသင့်ပြီဟု
ချန်ရှင်းက ပြောသည်။

သို့ပေမယ့် ကုထင်ရန်က အတော်ကြာသည်အထိ နိုးမလာချေ။ ချန်ရှင်းက ခဏတဖြုတ်စဉ်းစားခဲ့ပြီးနောက် သူနိုးထချင်စိတ်မရှိတာကြောင့် ဖြစ်လောက်မည်ဟု
ကျောက်ဝမ်ယုံးကို လျှောက်တင်လိုက်လေသည်။

၎င်းစကားကို ကျောက်ဝမ်ယုံးကြားသည့်အချိန်တုန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပေမယ့် နောက်ဆုံးတွင် ဖြေးဖြေးချင်း လွှတ်လိုက်သည်။

ချန်ရှင်းကို ကြည့်၍ အေးတိအေးစက်ဖြင့် တစ်ခွန်းပြောလိုက်သည်။

"ကိုယ်တော်သိပြီ"

ထိုနေ့ညတွင် သူတစ်ယောက်ထဲ
ကုထင်ရန်ကို ဖက်ရင်း မျက်ရည်များက အတားအဆီးမဲ့ ကျဆင်းလာသဖြင့် ခေါင်းအုံးတစ်ဝက်က စိုရွှဲလို့သွားခဲ့လေသည်။

သို့ပေမယ့် နောက်ပိုင်းတွင် သူက ပုံမှန်ထပ်ဖြစ်သွားပြန်လေသည်။ နေ့တိုင်းအစောကြီးလာပြီး ကုထင်ရန်ကို အဖော်ပြုပေးပေမယ့် အရင်တုန်းကလို ပေါက်ပေါက်ဖောက်ခြင်း ထပ်မရှိတော့ချေ။

အရင်တုန်းက သူသည် ကုထင်ရန်က မျက်လုံးမှိတ်ထားသဖြင့် အမှောင်ထုကိုပဲ မြင်နိုင်မှာဖြစ်ပြီး သူကြောက်နေမှာ၊ သူအထီးကျန်ဆန်နေမှာ စိုးနေမိသည်။ ထိုကြောင့် အမြဲတမ်း ကုတင်ဘေးမှာထိုင်ပြီး
သူနှင့် စကားပြောဆိုနေလေသည်။

ပြောပြသည့်အကြောင်းအရာတွေကလည်း ဘာ ကြီးကြီးမားမားကိစ္စမှမဟုတ်ချေ။ နေ့စဉ်ဘဝထဲက အသေးအမွှားကိစ္စလေးတွေသာဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now