ကုထင်ရန် သတိလစ်နေသည့် ပထမရက်တွင် ကျောက်ဝမ်ယုံးက နေ့ရောညပါ တစ်နေကုန် စောင့်ကြပ်ပေးခဲ့သည်။
ကုထင်ရန် သတိလစ်နေသည့် ဒုတိယနေ့တွင် ကယောင်ကတမ်းစပြောလာသောကြောင့် ကျောက်ဝမ်ယုံးက သူ့အနားမှာလှဲ၍ တစ်ခဏလောက် နားထောင်ပေးခဲ့ပြီး ရှီးလာလေးကို ခေါ်လာခိုင်းလိုက်သည်။ ကျောက်ရှန့်ရှီးက သလွန်ဘေးမှာ နေနေပြီး မျက်ရည်များက တရစပ် စီးကျနေလေသည်။ သို့သော်
ကုထင်ရန်ကတော့ သူ့ကို မျက်လုံးဖွင့်မကြည့်ဆဲဖြစ်သည်။ကုထင်ရန် သတိလစ်နေသည့် တတိယရက်တွင် ကျောက်ဝမ်ယုံး၏ စိတ်ရှည်မှုများကကုန်ဆုံးသွားခဲ့လေသည်။ လက်ဖက်ရည်ခွက်သုံးခွက်ကို ခွဲပစ်၍ တော်ဝင်သမားတော်အား ခြိမ်းခြောက်ပြန်လေသည်။ သို့ပေမယ့် အသုံးမဝင်ဆဲဖြစ်သည်။
ကုထင်ရန် သတိလစ်နေသည့် စတုတ္ထနေ့တွင် ကျောက်ရှန့်ရှီးနှင့် ကျောက်ဝမ်ယုံးကသူ့ရဲ့ သလွန်ရှေ့မှာ စောင့်နေကြဆဲဖြစ်သောကြောင့် တိုင်းရေးပြည်ရေးကိစ္စများက တောင်လိုရာလိုပုံလာပြီဖြစ်သည်။ နောက်ဆုံး လူကြီးမင်း ကျူးကောယွီက နည်းမျိုးစုံဖြင့် အသနားခံတော့မှသာ ကျောက်ဝမ်ယုံးက အမြန်ထွက်သွားလိုက်သည်။ သူ ညဉ့်နက်မှ ကမန်းကတန်းပြန်လာတဲ့အချိန်အထိ
ကုထင်ရန်က မနိုးသေးချေ။ငါးရက်မြောက်နေ့တွင် ထိုသမားတော်အိုကြီးက တုန်တုန်ယင်ယင်ဖြင့် ကုထင်ရန်၏ အခြေအနေကို စစ်ဆေးပေးခဲ့သည်။ သွေးခုန်နှုန်းစမ်းသည့် ထိုလက်အစုံကို ပြန်ရုတ်လိုက်သည်နှင့် ဧကရာဇ်နှင့် အိမ်ရှေ့တို့၏ အရွယ်အစားမတူသော မျက်ဝန်းအစုံနှင့် ရင်ဆိုင်လိုက်ရသည်။
ကျောက်ဝမ်ယုံး၏ မျက်နှာက သုန်မှုန်နေပြီး ဒေါသပေါက်ကွဲထွက်တော့မည့်ပုံပေါ်သည်။
" ဘယ်လိုလဲ"
ထိုသမားတော်က ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး....ကျွန်တော်မျိုး မတတ်စွမ်းပါဘူး"
ကျောက်ဝမ်ယုံး၏ အကြည့်က ရုတ်ချည်း ခက်ထန်သွားပြီး မျက်လုံးက သွေးရောင် လွှမ်းသွားသည်။ ထိုသမားတော်အိုကြီးက အခြေအနေမဟန်သည်ကို မြင်တော့ အမြန်ပြောလိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအမျိုးသားဧကရီ
Historical Fictionဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား