အပိုင်း(၁၄)ချစ်သူများနေ့ (ပထမပိုင်း)

2.7K 312 18
                                    

ကျောက်ဝမ်ယုံးက သူ့ကို အကြာကြီး နားချလိုက်ရသည်။ ကုထင်ရန်က စိတ်ထဲမှာ အနည်းငယ် မရိုးမရွဖြစ်နေပြီးသားဆိုပေမယ့် ဒေါသကို မြိုချလို့မရနိုင်ချေ။ စကားလေးနှစ်ခွန်းသုံးခွန်းဖြင့် ချော့‌မော့ပြီး ဒီလူဆီက ထပ် အလိမ်မခံချင်တော့။

သူက ကျောက်ဝမ်ယုံးကို ကျောပေးထားဆဲဖြစ်သည်။ တုပ်တုပ်တောင်မလှုပ်ပေမယ့် မျက်လုံးကတော့ မထိန်းချုပ်နိုင်ဘဲ ပြတင်းပေါက် အပြင်ဘက်ကို စူးစိုက်ကြည့်နေလေသည်။

ကျောက်ဝမ်ယုံးက သူ့ပုံစံကို မြင်တော့ ရယ်ချင်လာလေပေမယ့် ရယ်လို့မဖြစ်။ သူရယ်လိုက်ရင် ကုထင်ရန်က ဘယ်လောက်ကြာကြာ စိတ်ဆိုးနေဦးမည်ကို မသိနိုင်။

သူက ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး အလေးအနက်ထားသည့်ပုံစံဖြင့်

"ဟုတ်ပါပြီ၊ ကိုယ်မှားမှန်းသိပါပြီ"

ပြောရင်း ကုထင်ရန်ကို ပွေ့ဖက်လိုက်လေသည်။ ကုထင်ရန်က ရုန်းကန်ချင်ပေမယ့် ကျောက်ဝမ်ယုံးက ဖိထားလိုက်လေသည်။

သူက ကုထင်ရန်ကို အလေးအနက်ထားသည့် မျက်နှာဖြင့်

"ကလန်ကဆန်လုပ်မနေနဲ့တော့၊ အင်္ကျီထမလဲရင် ခဏနေ ကိုယ်တို့ ထွက်မရဘဲ ဖြစ်သွားမယ်နော်"

ကျောက်ဝမ်ယုံး၏ ပြောပုံသည်
ကုထင်ရန်က ခေါင်းမာပြီး ကလန်ကဆန်လုပ်နေသလို ပြောနေသည့်နှယ်။ သူ့ကို ပို စိတ်တိုသွားစေလေသည်။ သို့ပေမယ့် ကုထင်ရန်၏ စိတ်ထဲတွင် ကျောက်ဝမ်ယုံး ခုနက ပြောသည့် ခဏနေ အရမ်းမှောင်သွားလို့ နန်းတော်တံခါးကို သော့ခတ်လိုက်ကြရင် ထွက်လို့မရတော့ဘူးနော်ဆိုသော စကားများ တရိပ်ရိပ်ပေါ်လာလေသည်။

တွေးရင်း ကျောက်ဝမ်ယုံးနှင့် စိတ်ဆိုးစိတ်ကောက်ချိန်မရတော့။
သူလည်း လတ်တလောကမှ နန်းတော်ထဲရှိ စည်းကမ်းချက်များကို သိထားပေမယ့် ဒီအခိုက်အတန့်မှာ ကျောက်ဝမ်ယုံး၏ ထိုစကားကြောင့် လန့်ဖျန့်သွားလေသည်။

သေချာစဉ်းစားကြည့်ရင် ကျောက်ဝမ်ယုံး၏ စကားက အမှန်ပင် ဟာကွက်တွေအများကြီးဖြစ်သည်။ တခြားမပြောနဲ့ သူ့လို ဧကရာဇ်တစ်ပါးက နန်းတော်တံခါးပိတ်သွားမှာကို ဘာလို့ ကြောက်နေသနည်း။ ဒီတစ်မိုးအောက်မှာ သူက အကြီးဆုံးဖြစ်သဖြင့် ဘိုးဘေးတွေရဲ့ စကားကို နားမထောင်ရင်တောင် သူ့ကို ဘယ်သူမှ အတွန့်တတ်ရဲမည်မဟုတ်။ နှမြောစရာက ကုထင်ရန်၏ ခေါင်းထဲမှာ အပြင်ထွက်ဖို့သာ ရှိနေသဖြင့် ထို ရှုပ်ရှုပ်ယှက်ယှက်တွေကို အစောကြီးကတည်းက သူ ပလစ်ထားခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDonde viven las historias. Descúbrelo ahora